စားသောက်ဆိုင်ဖွင့်ပွဲနေ့မရောက်ခင် jing yang က သတင်းတစ်ချို့ကိုလွှင့်လိုက်သည်။ ဥပမာ LDYရဲ့စားသောက်ဆိုင်နံမည်ဖြင့်ဖွင့်ကြောင်း၊ Lu မိသားစုရဲ့ဟင်းပွဲတွေပါကြောင်း၊ zheng မိသားစု စားသောက်ဆိုင်ထက် လက်ရာပိုကောင်းကြောင်း စသဖြင့်ပေါ့။
သတင်းပျံ့သွားပြီးနောက်မှာ လူတွေက မကျေမနပ်ဖြစ်ကြသည်။ ZJL ရဲ့ ဝါဒဖြန့်မှုတွေကြောင့် LJY ဟာ အရက်သောက်စားပြီး ကိုယ်ကျင့်တရားမကောင်းတဲ့သူ၊ ချက်ပြုတ်ရာမှာ ဘာမှမသိတဲ့သူ၊ ဘာအရည်အချင်းမှမရှိတဲ့သူအဖြစ် လူတွေက မြင်ကြသည်။ ဒါကြောင့် ZJLဟာ ရွေးချယ်စရာမရှိဘဲ အလုပ်ကြိုးစားပြီးအရည်အချင်းရှိတဲ့ ZJMကိုသာ မြေတောင်မြောက်ပေးခဲ့ကြောင်းပြောသည်။
LDY ကိုသိတဲ့ သက်ကြီးပိုင်းလူတွေက jing yang က LDY ရဲ့နံမည်ယူသုံးပြီး စားသောက်ဆိုင်ဖွင့်တာကို သဘောမကျဘူး။ ပြီးတော့ Lu မိသားစုရဲ့ ဟင်းလျာတွေကိုပါ ချက်ပြုတ်ဦးမယ်တဲ့လား။ ဒါက LDY ရဲ့ နံမည်ကို ကျဆင်းစေတာပဲလို့ ထင်နေကြသည်။
ZJM ကို အားပေးတဲ့လူတွေနှင့် zheng de ji စားသောက်ဆိုင်ကလူတွေက လှောင်ပြောင်သရော်တဲ့ commets တွေပေးကြသည်။ jing yang က ဦးနှောက်မရှိတဲ့သူ၊ လူထုရဲ့ စိတ်ဝင်စားမှုကို သုံးပြီးသူ့ဆိုင်ကို ကြော်ငြာနေတာလို့ပြောကြသည်။ ဒီ comments တွေကြောင့် ဦးနှောက်မရှိတဲ့ fan တွေက Jing yang ကအွန်လိုင်းပေါ်မှာ ဆဲဆိုမှုတွေ၊ ရှုံ့ချမှုတွေ ပေါ်လာခဲ့သည်။
Jing yan လိုအပ်တဲ့ ကုန်ကြမ်းတွေရဖို့ chen rui ဟာ ၂လလုံးလုံး နေရာ ၁၀နေရာ ပြေးကာ လိုက်စုရသည်။ ထိုနေရာအများစုက တောင်ပေါ်ရွာတွေဖြစ်သည်။ ဒါပေမဲ့ လိုအပ်တဲ့ပမာလောက်ရပြီဆိုလျှင် အနာဂတ်မှာ ထိုနေရာတွေကို ကိုယ်တိုင်သွားဝယ်စရာမလိုတော့ပေ။
Chen rui ယူလာတဲ့ကုန်ကြမ်းတွေကို jing yang လူတွေကသယ်လာပြီး အနာအဆာပါမပါ စစ်ဆေးပြီး ရေခဲခန်းထဲကို ထည့်လိုက်သည်။ ကုန်ကြမ်းတွေရဲ့ မူလအရည်အသွေးကို ထိန်းသိမ်းဖို့အတွက် jing yang တော်တော် စဉ်းစားရသည်။ jing yang က ကြီးမားတဲ့ သိုလှောင်ရုံတွေ တည်ဆောက်ပြီး အပူချိန်နဲ့ လေအစိုဓာတ်ကို ထိန်းသိမ်းဖို့အတွက် အထဲမှာ မှန်နံရံတွေထည်သွင်းထားသည်။ ဒါမှသာ လိုချင်တဲ့အရည်အသွေးကို ထိန်းသိမ်းနိုင်မှာဖြစ်သည်။
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...