1.14

17.1K 1.8K 10
                                    

" အတု​​တွေ အားလုံးအတု​တွေ။" ZJL က သူရဲ့တုန်​လှုပ်​မှုကို ဖုံးကွယ်​ပြီး jing yang ကို ​ဒေါသတကြီး​အော်​​တော့သည်​။" မင်းအစကတည်းက ကြံစည်​ထားတာ။ ငါ့ကိုစွပ်​စွဲချင်​လို့ အတုလုပ်​ထားတာ။"

" အတုဟုတ်​ဟုတ်​မဟုတ်​ဟုတ်​ ကျွန်​​တော်​က ရဲ​တွေကိုဆုံးဖြတ်​ဖို့​ပေးလိုက်​မှာ။ ခင်​ဗျား​ပြောစရာရှိရင်​ ရဲစခန်း​ရောက်​မှ​ပြော​တော့။" jing yang က VCR ကိုမပြခင်​ကတည်းက ရဲ​တွေကိုဖုန်းဆက်​​ခေါ်ထားပြီး အခု​တော့ ရဲ​တွေ​ရောက်​လာသည်​။

Jing yang က ရဲ​တွေကို VCR ​ပေးလိုက်​ပြီး ရဲ​တွေက ZJL ကို ဖမ်း​ခေါ်သွားသည်​။ နည်း​ပညာ​တွေ တိုးတက်​လာပြီမို့ VCR က အတုလား အစစ်​လားဆိုတာ ရဲ​တွေဘာသာဆုံးဖြတ်​လိမ့်​မယ်​။ Jing yang လုပ်​ရမှာက ရလဒ်​ကို​စောင့်​ဆိုင်းရုံပင်​။

ZJM အမူအရာက ရှုပ်​​ထွေး​နေပြီး Jing yang ကို ခါးသီးစွာ ကြည့်​​နေသည်​။ ပြီး​တော့ သူ့အ​ဖေနဲ့အတူ ရဲကား​ပေါ်လိုက်​သွားသည်​။

ဇာတ်​လမ်းလည်းပြီး​သွား​တော့ သတင်း​ထောက်​​တွေလည်း တစ်​​ယောက်​ပြီးတစ်​​ယောက်​ထွက်​သွားသည်​။ ဒီ​နေ့ရသမျှ သတင်းအချက်​အလက်​ကို ရဲ​တွေမည်​သို့ပင်​ ဆုံးဖြတ်​ချက်​ချပါ​စေ သူတို့သတင်းပြန်​ပို့ရမည်​။ ရဲ​တွေ စုံစမ်းချက်​ထွက်​လာမှသာ သူတို့​ပြောသလို သတင်းထုတ်​ရမည်​။

Jing yang က ​မွေး​နေ့ပွဲကို ​ရောက်​လာတဲ့ ဧည့်​သည်​မှန်​သမျှကို ​တောင်းပန်​စကားဆိုသည်​။ ​မွေး​နေ့ပွဲကို ဆက်​ကျင်းပကြပြီး မီးဖို​ချောင်​က စားစရာ စချ​ပေး​တော့သည်​။

ZJL ဒီ​နေ့ကို​ရွေးပြီး ပြဿနာရှာမယ်​ဆိုတာ Jing yang ကြိုခန့်​မှန်​ထားသည်​။ သူ့စိတ်​ထဲမှာ zhang lao ကို အားနာ​နေပြီး ​နောက်​တစ်​ခါထပ်​​တောင်းပန်​မယ်​လို့ ​တွေးထားတယ်​။

Zhang lao က jing yang ကို နှစ်​သိမ့်​သည်​။" မင်းအပြစ်​မဟုတ်​ပါဘူး။ သူတို့ကိုယ်​တို​င်​ကိုက ငါ့​မွေး​နေ့ပွဲ​နေ့ကို​ရွေးပြီး တမင်​သက်​သက်​ပြဿနာ လာရှာကြတာ။ ZJL က ​တော်​​တော်​​လောဘကြီးတဲ့လူပဲ။ မင်းအဖိုးကို​​ ​သေ​စေခဲ့တဲ့အတွက်​ ငါသူ့ကို လွယ်​လွယ်​နဲ့ လွှတ်​​ပေးမှာ မဟုတ်​ဘူး။ "

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now