2.8

14.1K 1.6K 41
                                    

" ​Cheng အိမ်​က ဝိုင်က ဒီ​လောက်​မ​ကောင်းပါဘူး။" အခု​သောက်​တဲ့ ဝိုင်​​လောက်​ ဘယ်​ဟာမှ မ​ကောင်းဘူး။ " ဒီဟာကို ဆိုင်​မှာ မ​ရောင်းဘူးလား။"

Jing yang က ဝိုင်​ခွက်​ကိုလှည့်​​နေသည်​။ " အခု​ရက်​ပိုင်းအတွင်း စား​သောက်​ဆိုင်​ကို မထိန်းသိမ်းနိုင်​​သေးဘူး။ ​ရောင်းရင်​ ဆိုင်​မြန်​မြန်​ပျက်​စီးသွားလိမ့်​မယ်​။"

Yang wangkun က သ​ဘော​ပေါက်​သွားကာ " မကြာ​တော့ပါဘူး။ ဒီဝိုင်​ကို အမြန်​ဆုံး​ရောင်းနိုင်​​စေရမယ်​။" လို့ကတိ​ပေးသည်​။

" ကျွန်​​တော်​သိတယ်​။ အချိ​န်​​ကောင်းကို ​စောင့်​​နေတာ။" Jing yang က ​သောက်​ရင်း​သောက်​ရင်း ​ထွေလာပြီး Yang wangkun ကိုတောင်​ ဧည့်​မခံနိုင်​​တော့​ပေ။ မတ်​တပ်​ရပ်​ပြီး ​တွေ့ရာ ထိုင်​ခုံရှည်​​ပေါ်မှာ ဝင်​လှဲ​ဖို့ကြံ​တော့သည်​။

Jing yang ရပ်​လိုက်​တာ ​ခြေမခိုင်​တာ​ကြောင့်​ အနည်းငယ်​ယိုင်​သွားပြီး Yang wangkun က ထတွဲရသည်​။ jing yang က လာတွဲ​ပေးတဲ့လူကို တွန်းလိုက်​ပြီး ထိုင်​ခုံရှည်​​ပေါ်​ရောက်​​အောင်​သွားကာ လှဲ​တော့သည်​။

Yang wangkun က jing yang ​ဘေးနား​ရောက်​လာပြီး ငုံ့ကြည့်​သည်​။" မူး​နေပြီလား။"

" မဟုတ်​ပါဘူး။ နည်းနည်းလှဲချင်​လို့ပါ" jing yang သူ့ကိုယ်​သူမူး​နေတာမဟုတ်​မှန်းသိသည်​။ ဒါ​ပေမဲ့ အရက်​ကပြင်းတာ​ကြောင့်​ ​ခေါင်းနည်းနည်းမူးသွားခြင်းဖြစ်​သည်​။

Yang wangkun လာမယ်​မှန်းေ​စာ​စောကသိရင်​ အများကြီးမ​သောက်​ပါဘူး။ Yang wangkun ကို စမ်းသပ်​ချင်​​သေးသည်​။ အရင်​ဘဝက မှတ်​ဉာဏ်​​တွေမရှိ​တော့​ပေမယ့်​ ZBC တုန်းကလို တူညီတဲ့ ခံစားချက်​​ပေး​နေသည်​။

Jing yang က Yang wangkun နဲ့ စကား​တောင်​ဆက်​မ​ပြောနိုင်​​တော့ပဲ တဖြည်းဖြည်းနဲ့ အိပ်​​ပျော်​သွားခါနီးပြီ။Yang wangkun လည်း jing yang လည်းအတူထိုင်​ချလိုက်​သည်​။ သူတို့၂​ယောက်​ခန္ဓာကိုယ်​က နီးကပ်​​နေကြပြီး  ​ခြေ​ထောက်​​တွေက ထိ​တွေ့​နေသည်​။

Yang wangkunက မှီချလာပြီး သူတို့၂​ယောက်​ မျက်​နှာက တဖြည်းဖြည်းတိုးကပ်​လာသည်​။ jing yang က ဇ​ဝေဇဝါနဲ့ Yang wangkun ကို တွန်းထုတ်​ပစ်​ရမလား ပိတ်​ရိုက်​ပစ်​ရမလား မသိ​တော့ဘူး။ သူဘာ​ဆက်​လုက်​​မလဲဆိုတာ ​စောင့်​ကြည့်​လိုက်​သည်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now