1.1 အ​မွေဆက်​ခံသူ စာဖိုမှူး

37.5K 2.1K 68
                                    

ဖုန်းမြည်​သံ​ကြောင့်​ jing yang မျက်​လုံးဖွင့်​လိုက်​သည်​။အရင်​တုန်းက က​လေးဘဝနဲ့သာ ဝင်​စားရ​သော​ကြောင့်​ ဘာမှတ်​ဉာဏ်​ မှမရှိ​ပေ။ထို့​​ကြောင့်​ ထူးဆန်းသည်​ဟု မခံစားရ​။ အခုက သူ့မှတ်​ဉာဏ်​​တွေက အချိန်​​နေရာကို ဖြတ်​ပြီး တစ်​စုံ​တစ်​​ယောက်​ရဲ့ ခန္ဓာကိုယ်​မှာ ဝင်​စားရ​သော​ကြောင့်​ နဲနဲ အသားမကျသလိုခံစားရသည်​။

ဒီခန္ဓာကိုယ်​ပိုင်​ရှင်​အ​ကြောင်း သိဖို့ကြိုးစာချိန်​မှာ ​ခေါင်းကိုက်​စရာ ဖုန်းမြည်​သံကို သူထပ်​ကြားရသည်​။ဒါ​ကြောင့်​ သူအရင်​ ဖုန်းကိုင်​လိုက်​သည်​။

" ဟယ်​လို"

" အကို ​လေလံပွဲက မကြာခင်​စ​တော့မယ်​ အိမ်​ကထွက်​လာပြီလား?"

"​လေလံပွဲ"  jing yang မျက်​​မှောင်​ ကျုံ့လိုက်​သည်​။ မူလပိုင်​ရှင်​ရဲ့ မှတ်​ဉာဏ်​ကို လက်​မခံရ​သေး​သော​ကြောင့်​ ထိုလူ​ပြောတဲ့ ​လေလံပွဲဆိုတာ သူမသိ​ပေ။

" မ​နေ့ညက အများကြီး​သောက်​ပြန်​ပြီလား အခု​တော့မူးပြီးမထနိုင်​​တော့ဘူးမလား။ မေ့လိုက်​​​တော့ ငါမင်းကိုအခု လာနှိးမယ်​ ပြီးရင်​ အဲ့ကို အတူတူသွားရ​အောင်​"

jing yang ကျသွားပြီဖြစ်​​သောဖုန်းကို ​ဘေးနားထားလိုက်​ပြီး အခန်းထဲကို ကြည့်​လိုက်​သည်​။ ​လေထုထဲမှာ အရက်​နံ့ နဲနဲ ရ​နေ​သေးသည်​။ မူလခန္ဓာပိုင်​ရှင်​က မ​နေ့ညက​တော်​​တော်​ ​သောက်​ထားတာပဲ။ဒါ​ကြောင့်​ ​ခေါင်းကိုက်​​နေတာ မဆန်းပါဘူး။

သူ့​ခေါင်းထဲမှာရှိတဲ့ System ကို စတင်​​ဆောင်​ရွက်​လိုက်​သည်​။ပြီး​တော့ ဒီခန္ဓာကိုယ်​ရဲ့ လုပ်​​ဆောင်​ချက်​ကို ဖွှင့်​ကာ ​   ​ခေါင်းကိုက်​မှုကို ဖယ်​ထုတ်​လိုက်​သည်​။မူလပိုင်​ရှင်​ရဲ့ မှတ်​ဉာဏ်​​တွေကို ကြည့်​လိုက်​သည်​။

Lu Jingyu အမျိုးသား၊ ၂၂နှစ၊်​ သူ့အဖိုး Lu Deyuanက တရုတ်​မှာ ​ကျော်​ကြားတဲ့ စာဖိုးမှူးတစ်​​ယောက်​ဖြစ်တယ်​။ သူ့ ဘိုးဘွား​တွေကလည်း ​တော်​ဝင်​စာဖိုမှူးများဖြစ်​ကြသည်​။

Lu Deyuan က သူ့ဘဝတစ်​​လျှောက်​လုံးမှာ မိန်းမ တစ်​​ယောက်​ထဲသာ ချစ်​ခဲ့တယ်​။ ဒါ​ပေမဲ့သူ့မိန်းမက အချိန်​မတိုင်​ခင်​ ဆုံးသွားပြီး ချူချာတဲ့ သမီးတစ်​​ယောက်​ထဲသာ ထားသွားသည်​။ သူဟာ​နောက်​အိမ်​​ထောင်​ထပ်​မပြုဘဲ သမီး​လေးကိုသာ ​ကျွေး​မွေး​စောင့်​​ရှောက်​ခဲ့သည်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now