Jing yang က သူ့အခန်းထဲဝင်လာပြီး ရုတ်တရက် နောက်ကနေဖက်ခြင်းကိုခံရသည်။ jing yang လည်း မသိစိတ်ကနေ တိုက်ခိုက်လိုက်သည်။ နောက်ကလူ ဘယ်သူလည်း သိသွားတော့မှ စိတ်လျော့လိုက်ပြီး " ခင်းဗျားကလည်း ရုတ်တရက်ကြီး ပေါ်ပေါ်လာတယ်။"
Bowie က jing yang ကို နံရံမှာဖိကပ်ပြီး နှုတ်ခမ်းတွေကို စုပ်ယူနမ်းနေသည်။ အိထွေးနေတဲ့ နှုတ်ခမ်းတွေကို နမ်းနေရတာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အချိုပွဲစားနေသလိုပဲ။
" အင်းးး" jing yang ရဲ့ လျှာတွေလည်း သူ့ရဲ့စုပ်ယူမှုကြောင့် ထုံတောင်လာသည်။
Bowie က သူ့ရဲ့နှုတ်ခမ်းကိုလွှတ်ပေးလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးတွေ၊ နားသီးလေးတွေ၊ ပြီးတော့ လည်ပင်းတွေ လိုက်နမ်းနေသည်။
" ရေအရင်ချိုးပါရစေဦး။" jing yang က သူ့ဘောင်းဘီထဲရောက်တော့မယ့်လက်ကို ကိုင်ကာပြောလိုက်သည်။
Bowie က jing yang ကို သူ့ပခုံးပေါ်တင်ကာ ရေချိုးခန်းထဲဝင်သွားသည်။ နောက်ဆုံးတော့ အပန်းဖြေရတော့မယ့်ချိန်မှာ ပင်ပန်းရပြီ။
၂ယောက်သား ရေဇလုံထဲမှာ စိမ်နေကြပြီး jing yang က Bowie ပေါ်မှီကာ မျက်လုံးမှိတ်ပြီး Bowie ဆပ်ပြာတိုက်ပေးတာကို ခံနေသည်။
" မင်းဒီလိုလုပ်နေတာတွေကို ကိုယ်မကြိုက်ဘူး။" Bowie က ရုတ်တရက်ပြောသည်။
" ဘာတွေလဲ။" jing yang က နုံးနေတာကြောင့် သူဘာကိုဆိုလိုတာမှန်း နားမလည်ဘူး။
" မင်းနံရံပေါ်တက်နေတော့ ကိုယ်အရမ်းစိုးရိမ်နေတာ။ မင်းအန္တရာယ်တစ်ခုခုကျရောက်မှာ ကိုယ်မလိုလားဘူး။"Bowie က သူ့လူတွေကို ကျောက်နံရံအောက်မှာ လုံခြုံရေးပစ္စည်း တိတ်တဆိတ်ပြင်ခိုင်းထားပြီး jing yang ပြုတ်ကျတာနဲ့ ချက်ချင်းကယ်လို့ရအောင် ပြင်ဆင်ထားသည်။ ပြိုင်ပွဲရဲ့ စည်းကမ်းတွေလိုက်မနာဘူး လာမပြောနဲ့ Jing yang ကို ဒဏ်ရာလေးတစ်ခုတောင် မရစေချင်ဘူး။ ဖြစ်နိုင်ရင် jing yang နံရံပေါ်စတက်ကတည်းက ပြိုင်ပွဲကို ရပ်ပစ်ချင်နေတာ။
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...