3.2

16.2K 1.9K 102
                                    

၃ရက်​ကြာပြီး​နောက်​မှာ Jing yang က ပြိုင်​ပွဲကျင်းပ​ပေးတဲ့ ကုမ္ပဏီကို ​သွားသည်​။

ပြိုင်​ပွဲကျင်းပ​ပေးတဲ့သူ​တွေက အင်​ပါယာ Star network ရဲ့ ဌာနချုပ်​ဖြစ်​ပြီး သူတို့က တစ်​နှစ်​တစ်​ခါပြိုင်​ပွဲကျင်းပသည်​။ သူတို့ပြိုင်​ပွဲကို ပြည်​သူ​တွေက ပိုက်​ဆံ​ပေးပြီး ကြည့်​ရသည်​။

Jing yang က ကုမ္ပဏီထဲကို စဝင်​တဲ့အချိန်​မှာ ကင်​မရာပျံ​တွေက သူ့​နောက်​က​နေလိုက်​လာသည်​။ အခုချိ​န်​ကစပြီး သူ့ကို Live လွှင့်​​နေပြီ ဆိုတဲ့ အဓိပ္ပာယ်​ပဲ။

တခြားပြိုင်​ပွဲဝင်​ ၁၀​ယောက်​​ကျော်​ကလည်း အခန်းထဲမှာ ​စောင့်​​နေကြပြီး ၂​ယောက်​တွဲ ၃​ယောက်​တွဲ စကား​ပြော​နေကြသည်​။jing yang ဝင်​လာတာလည်းမြင်​​ရော သူတို့မျက်​နှာ​တွေက ရွံရှာ စိတ်​ပျက်​မှု​တွေဖြစ်​သွားသည်​။ တစ်​ချို့က သူ့ကို တစ်​ချက်​ပဲကြည့်​ပြီး ​ခေါင်းလွှဲသွားကြသည်​။ ဆိုလိုတာက သူ့ကို မဆက်​ဆံချင်​တဲ့ အဓိပ္ပာယ်​ပဲ။

Jing yang ရဲ့ ဂုဏ်​သတင်းက အခုပျက်​ယွင်း​နေပြီ။ ပြိုင်​ပွဲဝင်​​တွေထဲက တစ်​ချို့က jing yangကို လုံးဝသ​ဘောမကျတာ၊ တစ်​ချို့က jing yang နဲ့​ပေါင်းရင်​ သူတို့ပါ နံမည်​ထိခိုက်​မှာကို ​ကြောက်​တာ။အကုန်​လုံးက​တော့ jing yang ကိုဝိုင်းပယ်​ထားကြသည်​။

Jing yang က​တော့ အရင်​လို ဘာမှမိုက်​မိုက်​ရိုင်းရိုင်း ပြန်​မ​ပြောဘဲ သူတို့အကုန်​လုံးနဲ့ ​ဝေးရာမှာ ထို​​င်​​နေသည်​။ ပြီး​တော့ ပြိုင်​ပွဲစီစဉ်​သူ​တွေ ပြိုင်​ပွဲအ​ကြောင်း လာရှင်းပြမှာကို ​စောင့်​​နေသည်​။

ပြိုင်​ပွဲ​ဝင်​​တွေ အားလုံးစုံ​တော့ စီစဉ်​သူ​တစ်​ချို့ အခန်းထဲ ဝင်​လာသည်​။ ဦး​ဆောင်​လာတဲ့လူက​တော့ 'ငါကအ​ကျော်​အ​မော်​ပဲဆိုတဲ့' ခံစားချက်​ကို​ပေး​နေတဲ့ ​ယောကျာ်းတစ်​​ယောက်​ဖြစ်​သည်​။

ထိုလူက သူ့ကိုယ့်​သူ မိတ်​ဆတ်​သည်​။"အားလုံးပဲ မင်္ဂလာပါ။ ငါ့နံမည်​က Angus ပြီး​တော့ ဒီပြိုင်​ပွဲရဲ့ ထုတ်​လုပ်​သူပါ။ ဒီပြိုင်​ပွဲရဲ့ တာဝန်​ရှိသူတစ်​​ယောက်​​ပေါ့။ ငါ့လက်​​ထောက်​ Ruth က ပြိုင်​ပွဲရဲ့ စည်းမျဉ်းစည်းကမ်း​တွေကို ရှင်းပြလိမ့်​မယ်​။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now