2.5

13K 1.6K 21
                                    

jing yang က ​နောက်​​ဖေးလမ်းကြားက​နေ အိမ်​ကိုပြန်​​နေတုန်းမှာ တစ်​စုံတစ်​​ယောက်​နဲ့ ဝင်​တိုက်​မိပြီး ​ဆောင်းထားတဲ့ ဦးထုပ်​ပြုတ်​ကျသွားသည်​။

" ​တောင်းပန်​ပါတယ်​။" Jing yang က ​ခေါင်းငုံပြီး ဦးထုပ်​ကို ကုန်းကာက်​လိုက်​သည်​။ ဒါ​ပေမဲ့ တခြားလူက ဦးထုပ်​ကို ​ကောက်​​ပေးသည်​။

" ​ကျေးဇူးတင်​ပါတယ်​။" Jing yang က ​ခေါင်း​မော့ပြီးကြည့်​လိုက်​​တော့ တခြားလူရဲ့ ပုံပန်းသဏ္ဌာန်​ကို မြင်​ပြီး အံ့သြသွားသည်​။ ဒီလူကို တစ်​နေရာရာမှာ မြင်​ဖူးသလိုပဲ။

တခြားလူကလည်း ဦးထုပ်​ကိုဖုန်​ခါပြီး​ပေးဖို့လုပ်​လိုက်​​တော့ Jing yang နဲ့ မျက်​လုံးချင်းဆုံမိပြီး အချိန်​​တွေက ခဏ​လောက်​ရပ်​သွားသလိုပဲ။ သူတို့၂​ယောက်​ အခုမှ ပထမဆုံး ဆုံဖူးတာမှန်​​ပေမယ့်​ တစ်​​ယောက်​ကို​တစ်​​ယောက်​ ချစ်​သူ​တွေလိုကြည့်​​နေကြသည်​။

ထိုလူရဲ့မျက်​လုံး​တွေက တစ်​ခုခုကို ပြန်​ပြီးအစ​ဖော်​​နေသလို စဉ်းစား​နေပြီး Jing yang ​ခေါင်း​ပေါ် ဦးထုပ်​​ဆောင်း​ပေးပြီး ထွက်​သွားသည်​။

Jing yang က အရပ်​ရှည်​ပြီး သန်​မာပုံရတဲ့ ထိုလူ ကား​ပေါ်တက်​သွားတာကို ကြည့်​​နေခဲ့သည်​။ system မှာ ထိုလူ့အ​ကြောင်းရှာကြည့်​လိုက်​​တော့ jing yang အံ့သြသွားသည်​။ ထိုလူက wei tianxiong ကို သတ်​ခဲ့တဲ့ ကွန်​မန်​ဒါ Yang ဖြစ်​​နေသည်​။ ဒါ​ပေမဲ့ ကွန်​​မန်​ဒါ Yang Wangkun က ​နောက်​နှစ်​​တွေကြာမှ ​ပေါ်လာရမှာမလား။

အခုကြ​တော့ ရုတ်​တရက်​​ပေါ်လာတဲ့အပြင်​ သူနဲ့​တောင်​ ဝင်​တိုက်​ဖို့ ကြို​စောင့်​​နေသလိုပဲ။ Yang Wangkun ​ရောက်​လာပြီဆို​တော့ သူ့အစီအစဉ်​​တွေ ​ပြောင်းပစ်​ရင်​​ကောင်းမလား။ မဖြစ်​ဘူး အစီအစဉ်​​တွေက တစ်​ဝက်​​လောက်​ပြီး​နေပြီ အခုအ​ခြေအ​နေ​ရောက်​လာမှ​တော့ ​နောက်​ဆုတ်​လို့မဖြစ်​ဘူး။

Wei tianxiong က Boss Jun ကို​တွေ့ချင်​​ပေမယ့်​ Boss Jun က သီချင်းပြီးတာနဲ့ ချက်​ချင်း အဝတ်​လဲပြီး ထွက်​သွားတယ်​ဆိုတာကို ကြားလိုက်​ရသည်​။ Boss Jun က သူ့ကို ဘယ်​သူမှမသိ​စေလိုတာ​ကြောင့်​ သီချင်းဆိုပြီးတာနဲ့ ချက်​ချင်းထွက်​သွား​ကြောင်းကို ဆရာ wu က လာရှင်းပြသည်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now