Xu peng လက်မြောက်တော့မှာကိုမြင်တော့ chen rui က သူ့လက်ကိုလှမ်းဆွဲကာ စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။ " မင်းဘာလုပ်တာလဲ?".
Xu peng မျက်နှာဖြူဖျော့သွားကာ " ငါမင်းကိုယ်စား ဈေးခေါ်ပေးမလို့လေ။ ဒီမြေကိုရဖို့ မင်းတို့ခက်ခက်ခဲခဲ လိုက်ထားရတာ။မြန်မြန်ဈေးမခေါ်ရင် ZJM တို့လူတွေ လက်ထဲပါသွားလိမ့်မယ်။"" ဈေးခေါ်လေ့ပစေ။ " jing yang က အေးစက်စွာကြည့်ရင်းပြောသည်။" သူဈေးခေါ်တာဖြစ်တဲ့အတွက် သူ့ဘာသူပိုက်ဆံပေးလိမ့်မယ်။ ငါကတော့ တပြားမှပေးမှာမဟုတ်ဘူး။ "
Chen rui လည်း xu peng ရဲ့လက်ကို လွှတ်ပေးလိုက်ပြီး " မင်းပိုက်ဆံ မင်းပေးမယ်ဆိုရင် ခေါ်ချင်သလောက်ခေါ်လေ။"
" ငါ့မှာမှ ပိုက်ဆံမရှိတာ။ မင်းတို့မှာ ပိုက်ဆံရှိတယ်လေ။ မင်းတို့တတ်နိုင်တယ်လေ။ ဘာလို့ဆက်ပြီး ဈေးမခေါ်တာလဲ။"
Jing yang နဲ့ chen rui ၂ယောက်စလုံးက သူ့ကို ဂရုတောင်မစိုက်တော့ဘူး။
လေလံပွဲ အစီအစဉ်တင်ဆက်သူက မြေကို ၂ကြိမ်လောက် ဈေးခေါ်မယ့်သူရှိဦးမလားဆိုပြီး မေးကာ အချိန်ဆွဲနေသည်။ ပရိတ်သတ်တွေက တစ်ခုခုမူမမှန်လာတာကို သတိထားမိလာပြီး အစီစဉ်တင်ဆက်သူကို သံသယမျက်လုံးများဖြင့်ကြည့်လာကြသည်။
လုံးဝအချိန်ဆွဲလို့မရတာနဲ့ အစီစဉ်တင်ဆက်သူက မြေကို နောက်ဆုံးဈေးခေါ်သူဆီကို ရောင်းချလိုက်သည်။
လေလံပွဲလည်းပြီးသွားတော့ ပရိတ်သတ်တွေအကုန်ပြန်ကုန်ပြီး နောက်ဆုံးမှာ xu peng နဲ့ ZJM လူတွေဟာ ဘာလုပ်လို့လုပ်ကိုင်ရမှန်းမသိဘဲ ထိုင်နေကြသည်။ ရလဒ်က သူတို့ထင်ထားသလို မဟုတ်တော့ ဘယ်လိုသတင်းပြန်ပို့ရမလဲ မသိတော့ပေ။
jing yang နဲ့ chen rui တံခါးဆီရောက်တော့မယ့်အချိန်မှာ xu peng က နောက်ကနေ လိုက်လာပြီး သူတို့ကို ရပ်တန့်လိုက်သည်။ ပြီးတော့ စိတ်ဆိုးစွာဖြင့် မေးသည်။ " Lu jingyu ဒီမြေ ဘယ်လောက်ဈေးမြင့်မြင့် မင်းတတ်နိုင်တယ်မလား?"
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...