နာကျင်မှု! Jing yang နိုးလာတော့ ခေါင်းမူးပြီး နာကျင်မှုကို ခံစားရသည်။ jing yang မျက်လုံးဖွင့်ကြည့်လိုက်တော့ မှုန်ဝါးနေတာကြောင့် မျက်လုံးပြန်ပိတ်လိုက်သည်။ ခေါင်းမူးတာပျောက်သွားပြီး မျက်လုံးပြန်ဖွင့်တော့မှ သူမသိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို လူတစ်စု ဝိုင်းပြီး တိုက်ခိုက်နေကြတာကို မြင်ရသည်။
သူ့ရှေ့မှာ ရပ်နေတဲ့ အဖြူရောင်ဝတ်စုံ ဝတ်ထားပြီး အနက်ရောင်ဆံပင်နဲ့ လူတစ်ယောက်က သူ့ကို လှည့်ကြည့်သည်။ ထိုလူရဲ့ မျက်နှာက အရမ်းနူးညံ့ချောမောပြီး အလွန်ကြည့်ကောင်းတာကြောင့် တကယ်မဟုတ်ဘူးလို့ ထင်ရသည်။ ဒါပေမဲ့ ထိုလူရဲ့ သူ့ကိုကြည့်နေတဲ့ အကြည့်ကနေ စိတ်ပျက်ရွံရှာမှုကို မြင်နေရသည်။ Jing yang ရဲ့မသိစိတ်ကနေ ဒီလူကိုမကြိုက်ဘူး။ ဒီလူက လှပတဲ့ မျက်နှာလေးနဲ့ မလိုက်ဘူးလို့ ထင်သည်။
Jing yang မြေကြီးပေါ်က မတ်တပ်ရပ်ပြီး မကောင်းဆိုးဝါးကို တိုက်ခိုက်နေတဲ့ လူတွေရဲ့ လက်နက်ကို ကြည့်လိုက်တော့ သိပ္ပံနည်းပညာကနေ ကျော်လွန်နေတာကို တွေ့ရသည်။ ဒါထူးခြားဆန်းကျယ်ကမ္ဘာလား။ သူတို့ဝတ်စုံတွေက ခေတ်ပေါ်ဝတ်စုံတွေဆိုတော့ ရှေးဟောင်းကမ္ဘာရောက်နေတာလည်း မဟုတ်ဘူး။
မကောင်းဆိုးဝါးရဲ့ ခန္ဓာကိုယ်က ဖန်ကွဲစတွေလို ကျဲပျံ့သွားပြီး တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်ကနေ ပစ္စည်းတွေ ထွက်ကျလာသည်။ ဒီလူတွေက ကျနေတဲ့ ပစ္စည်းတွေကို လိုက်ကောက်ကြသည်။ သူတို့လက်ထဲ ပစ္စည်းတွေရောက်တာနဲ့ ပျောက်သွားသည်။ ဒါထူးခြားဆန်းကျယ်ကမ္ဘာလို့ သူပိုပြီး ယုံလာသည်။ ပစ္စည်းတွေကို သိုလှောင် space ထဲ ထည့်လိုက်တာနေမှာ။
ဒီလူတွေက တစ်နေရာကို ဦးတည်ပြီးသွားကြသည်။ jing yang က သူတို့နောက်လိုက်မသွားဘဲ နေရာမှာတင်ရပ်နေသည်။
ဆံပင်ရွှေရောင်ရှိပြီး အရပ်ရှည်သန်မာချောမောတဲ့ လူတစ်ယောက်က သူ့ကိုလှည့်ကြည့်ကာ " Noah မလိုက်ဘူးလား။"
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...