ပထမပြိုင်ပွဲပြီးတော့ ပြိုင်ပွဲဝင်တွေက ယာဉ်ပျံပေါ်သွားရောက်နားနေကြပြီး Star network က live လွှင့်တာကိုလည်း ယာယီပိတ်ထားသည်။
Ruth က " ရှင်တို့နားဖို့ အချိန်၁ရက်ရတယ်။ live လွှင့်တာကို ခဏနားထားတာမလို့ အေးအေးဆေးဆေး နားလို့ရပါတယ်။ဒဏ်ရာရတဲ့သူတွေက ဆေးသွားကုလို့ရပါတယ်။ရှင်တို့တစ်ယောက်ချင်းဆီက အခန်းတစ်ခန်းဆီရပါမယ်။အခန်းထဲမှာ ပရိဘောဂအစုံရှိတာကြောင့် ယာဉ်ပျံပေါ်လျှောက်မသွားဘဲ အခန်းထဲမှာပဲ နေကြပါ။ရှင်တို့သွားခွင့်ရှိတဲ့နေရာက ဧည့်ခန်းကလွဲပြီး တခြားနေရာတွေသွားမယ်ဆိုရင် ခွင့်ပြုချက်တောင်းရပါမယ်။ စည်းကမ်းဖောက်ဖျက်လို့ကတော့ ပြိုင်ပွဲကနေ တစ်ခါတည်းထုတ်လိုက်မယ်။"
Ruth က လက်ခုပ်တီးလိုက်ပြီး " မနက်ဖြန်ကြရင် ဒီထက်ပိုခက်တဲ့ ပြိုင်ပွဲက စောင့်ကြိုနေမှာမလို့ ဒီအချိန်မှာ ကောင်းကောင်းအနားယူပြီး အားမွေးထားကြပါ။"
လူစုတွေခွဲပြီး ကိုယ့်အခန်းကိုပြန်ကြသည်။ သူတို့ပထမဆုံးလုပ်တာက ရေချိုးကြတာပေါ့။
Jing yang က တံခါးဖွင့်ပြီး သူ့အခန်းသူ ဝင်သွားသည်။ jing yang အခန်းနားဖြတ်သွားတော့ Kedi က ခဏရပ်ကြည့်နေပြီး jing yang အခန်းထဲဝင်ပြီး တံခါးပိတ်သွားတော့မှ သူ့အခန်းသူဆက်သွားသည်။
သူ့အမှတ်တွေက Milton ထက်မြင့်ပေမယ့် သူမပျော်ဘူး။ ဘာလို့လဲဆိုတော့ Milton ရဲ့ တုန့်ပြန်မှုက သူထင်ထားသလို မဟုတ်တာကြောင့်ဖြစ်သည်။ ဒိုင်တွေက သူ့ကိုဘက်လိုက်တယ်ဆိုတာသိသာတယ်လေ Milton ရဲ့ စိတ်ဆတ်မှုနဲ့ဆိုရင် ဒိုင်တွေကို ခံပြောပြီး ရန်ဖြစ်ရမှာလေ။ ဒါပေမဲ့ ဒီကောင်က ဘာမှပြန်မပြောဘဲ တိတ်နေတယ်။
အရင်တုန်းက Milton က ခံပြောလေ ပိုပြီးဒေါသထွက်လေ သူစိတ်မထိန်းပဲပြောလိုက်တဲ့ စကားတွေကြောင့် ပရိတ်သတ်တွေက Milton ကို ပိုမုန်းလာခြင်းဖြစ်သည်။ Milton ဒီလောက်ထိသည်းခံနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ သူ့ထက်ပိုပြီး အရည်အချင်းရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သူ့အတွက် မကောင်းတော့ဘူး။
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...