4.7

14.7K 1.8K 48
                                    

Jing yang စင်​​ပေါ်တက်​လာ​တော့ ဒိုင်​​တွေက အချင်းချင်းအကြည့်​ဖလှယ်​လိုက်​ကြသည်​။ ​နောက်​ဆုံး​တော့ Hei Weixiu ရဲ့ ပထမဆုံးတပည့်​က လူလုံးထွက်​ပြပြီ​ပေါ့။ ဒီ​ကျောင်းသားက အရင်​က ဘာမှထူးထူးချွန်​ချွန်​လုပ်​ပြနိုင်​တာ တစ်​ခုမှမရှိဘဲ Hei Weixiu က ၁၅ရက်​​လောက်​ သင်​​ပေးလိုက်​တာနဲ့ Dawatt Piano Skill မှာ လာပြိုင်​ရဲ​သေးတယ်​။ ဘယ်​လိုသရုပ်​​ဖော်​မလဲဆိုတာ ကြည့်​ရသေးတာ​ပေါ့​။Hei Weixiu ကို ပြန်​​ပြောဖို့ အခွင့်​အ​ရေး​ကောင်း​တော့ ရပြီ​ဟေ့။

အောက်​က ပရိတ်​သတ်​​တွေကလည်း စကား​ပြော​နေကြသည်​။ Avi ဆိုတဲ့လူကို ဘယ်​သူမှမသိကြဘူး။ သူက Hei Weixiu ရဲ့ တပည့်​ဆို​တော့ အားလုံးက ​ရှော့ခ်​ရသွားကြသည်​။ သူ့အရင်​ပြိုင်​ပွဲ​တွေမှာတုန်းကလည်း ဘာဆုမှမရဘူးတာ​ကြောင့်​ ပရိတ်​သတ်​​တွေက ​ခေါင်းခါရမ်းကုန်​ကြသည်​။

ဒီလို မသိမထင်​ရှားတဲ့လူက ဘာလို့ Hei Weixiu ရဲ့ တပည့်​ဖြစ်​လာတာလဲ သံသယဖြစ်​စရာပဲ။ Hei Weixiu ရဲ့ ​တောက်​ပ​နေတဲ့ဘဝက သူ့တပည့်​​ကြောင့်​ ​မှေးမှိန်​​ပျောက်​ကွယ်​​တော့မှာလား။ ​စောင့်​ကြည့်​ကြရ​သေးတာ​ပေါ့။

Corrica က စင်​​နောက်​မှာ ရပ်​​နေသည်​။ Avi ကို Hei Weixiu ကိုယ်တိုင်​​လှောင်​​ပြောင်​သ​ရော်​တာကို ကြည့်​​ချင်​သည်​။ သူ့ရဲ့သရုပ်​​ဖော်​တာနဲ့ Avi သရုပ်​​ဖော်​တာကို Hei Weixiu က နှိုင်းယှဉ်​မိပြီး တပည့်​​ရွေးတာ မှားသွားပါလားဆိုပြီး ​Hei Weixiu ​နောင်​တရ​နေမှာကို Corrica တစ်​​ယောက်​ စိတ်​ကူးယဉ်​​နေသည်​။

jing yang က စန္ဒယားခုံ​ပေါ်ထိုင်​ပြီး သူ့လက်​​တွေကို ​သွေးပူ​လေ့ကျင့်​ခန်းလုပ်​ကာ စတင်​တီးခတ်​​တော့သည်​။

Jing yang ပထမဆုံးတီးတဲ့ သီချင်းက Finger Dance ဖြစ်​သည်​။ ဒီသီချင်းက ​ကောင်း​ကောင်းတီးတတ်​ရင်​ သံစဉ်​ကခံစားချက်​နဲ့အတူပျံ့လွင့်​လာပြီး တီးတဲ့ လက်​​ချောင်း​တွေကလည်း လှပစွာက​နေသလို ဖြစ်​လာလိမ့်​မည်​။ ​ကောင်း​ကောင်းမတီးတတ်​ရင်​​တော့ သံစဉ်​က ပရမ်းပတာဖြစ်​​နေပြီး လက်​​ချောင်း​တွေက ရှုပ်​​ထွေးကာ အမှန်​ပြင်​ရခက်​လိမ့်​မည်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now