Jing yang က စင်ပေါ်ကိုတက်သွားပြီး အရက်မူးနေတဲ့အလှလေး သီချင်းတစ်ပိုဒ်ကို ဆိုလိုက်သည်။ မိတ်ကပ်မပြင် အဝတ်အစားမလဲပေမယ့် သူ့အကအလှက နှစ်လိုဖွယ်ကောင်းပြီး ညိမ့်ညောင်းသည်။
သူ့ရဲ့ အသံနဲ့ အမူအရာ၊ ကိုယ်ဟန်အမူအရာက Boss Jun ပဲဆိုတာ လုံးဝသံသယဖြစ်စရာမလိုဘူး။
သီချင်းတစ်ပိုဒ်လည်းပြီးသွားရော Jing yang စင်ပေါ်က ဆင်းလာသည်။ ဧည့်သည်တွေက ချက်ချင်းဆူညံနေတော့သည်။ အကုန်လုံးက အံ့သြနေပြီး သူတို့အချင်းချင်းပြောနေကြသည်။ ဘာလို့ သခင်လေး cheng က အော်ပရာသီချင်းဆိုနေရတာလဲ။ သီချင်းဆိုတတ်တယ်ဆိုတာ အရင်က ဘာလို့ဖွင့်မပြောခဲ့တာလဲ။
Cheng jiaming အမူအရာက လုံးဝမကျေမနပ်ဖြစ်နေပြီး ဘာမှတောင်မပြောနိုင်တော့ဘူး။ Boss Jun က cheng junxi ဆိုတာ သူဘယ်လောက်ပဲမယုံယုံ အမှန်တရားက ရှိနေသည်။
" ကောင်းတယ်။ ကောင်းတယ်။ မင်းက Boss Jun အစစ်ပဲ။ အရင်တုန်းက ဘာလို့သရုပ်မှန်ကို ဖော်မထုတ်တာလဲ။" wei tianxiong က ပြောသည်။
" သီချင်းဆိုတာက ကျွန်တော့် ဝါသနာာတစ်ခုပဲ။ ဒီပညာနဲ့ အသက်မွေးတာ မဟုတ်လို့ ကျွန်တော့်သရုပ်မှန်ကို ထုတ်မပြောခဲ့ဘူး။ ဒါပေမဲ့ အရာရှိက ကျွန်တော့်သရုပ်မှန်ကို သိချင်နေတာဆိုတော့...." jing yang ပြောတာမပြီးသေးပေမယ့် သူ့အဓိပ္ပာယ်က ထင်ရှားနေပြီ။
" အရာရှိ Wei" တစ်ချိန်လုံးတိတ်နေတဲ့ Yang wangkun က စကားဖြတ်ပြောသည်။
Jing yang ကို မြင်ပြီးတော့ လိုအင်ဆန္ဒတွေများနေတဲ့ wei tianxiong က အရာရာကို ကန်းနေပြီး အချိန်အခါကို မေ့လျော့နေသည်။ Yang wangkun ကြားဖြတ်ပြောတော့မှ သူ့ဘေးနားမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်ရှိနေပါလားဆိုပြီး Yang wangkun ကို လှည့်ကြည့်သည်။
" ဒီနေ့ကြိုဆိုတဲ့ ပွဲကိုကျင်းပပေးတဲ့ အရာရှိ Wei ကို ကျေးဇူးတင်ပါတယ်။ လာ တစ်ခွက်လောက် ချီးမြောက်ပါရစေ။" Yang wangkun က တစ်ခွက်လောက်သောက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။" အချိန်းလည်းမစောတော့ဘူး။ ဒီနေ့တော့ပြန်လိုက်ဦးမယ်။ နောက်နေ့ကျမှ ပြန်လာခဲ့မယ်။"
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...