3.5

15.4K 1.8K 103
                                    

Jake က သူ့ဗိုက်​ကို​ ​ကျေနပ်​စွာ ပွတ်​သပ်​​နေသည်​။ ​နောက်​လှည့်​ကြည့်​လိုက်​​တော့ Danny က သစ်​ပင်​တစ်​ပင်​ကို မှီပြီးထိုင်​ဖို့ပြင်​​နေသည်​။ သူရဲ့ နှုတ်​ခမ်းက ခုထိ​ယောင်​​နေပြီး သူ့ပုံစံက တကယ်​သနားစရာ​ကောင်းသည်​။

" ကျန်​တဲ့ ခုံး​ကောင်​ဟင်းချိုကို Danny ကို ​ပေးလို့ရမလား" Jake က ​မေးသည်​။

jing yang က တစ်​ချက်​လှမ်းကြည့်​လိုက်​ပြီး" သူ ပင်​လယ်​စာ​တွေ စားလို့မရ​သေးဘူး။ စားရင်​ ပါးစပ်​က ပို​ယောင်​လာလိမ့်​မယ်​။ ဟိုသစ်​ပင်​ရဲ့ ​သစ်​ရွက်​​တွေမှာ ပဲ​စေ့​တွေရှိ​သေးတယ်​။ ယူပြီး သူ့ကို တစ်​ခုခုချက်​​ကျွေးလိုက်​သည်​။"

Jake က အုန်းသီးကို အခွံခွာပြီး မီးဖို​ပေါ်တင်​လိုက်​သည်​။ ပြီး​တော့ ပဲ​စေ့​တွေနဲ့ ဟင်းသီး​ဟင်း​ရွက်​​တွေထည့်​ကာ အမြန်​ချက်​လိုက်​သည်​။

" ​သောက်​လိုက်​ဦး။" Jake က သတ်​သတ်​လွတ်​ ဆန်​ပြုတ်​ကို Danny ဆီ​ ​ပေးလိုက်​သည်​။

Danny က​ ​ကျေးဇူးတင်​စကား​ပြောချင်​​ပေမယ့်​ သူ့ပါးစပ်​က နာလွန်းတာ​ကြောင့်​ အသိအမှတ်​ပြု​ကြောင်း ​ခေါင်းညိမ့်​ပြလိုက်​သည်​။

ည​မှောင်​လာ​တော့ jing yang က မီးငြိမ်းလိုက်​ပြီး Jake ကို​ပြောလိုက်​သည်​။" အ​ပေါ်တက်​ရ​အောင်​။"

Jake က ​ခေါင်းညိမ့်​လိုက်​ပြီး ကြိုး​လှေကားက​နေတစ်​ဆင့်​တက်​ပြီး အိမ်​ထဲကို ဝင်​လိုက်​သည်​။

အထဲဝင်​လိုက်​တဲ့ အချိ​န်​မှာ အံ့သြသွားပြီး " ဒီ​လောက်​​ကောင်းတဲ့အိမ်​က ၇မှတ်​ပဲရတယ်​။"

အိမ်​က ပြတင်း​ပေါက်​လည်းပါပြီး လူ၃​ ၄​ယောက်​ပါဆန့်​တယ့်​အပြင်​ ​နေရာကပို​နေ​သေးတယ်​။ Danny တို့လုပ်​ထားတဲ့ အိမ်​ကြ​တော့ လူ၂​ယောက်​စာပဲအိပ်​လို့ရပြီး အချိ​န်​မရှိ​တော့လို့ အိမ်​ကိုကျယ်​ကျယ်​ဆောက်​ချိ​န်​မရ​ပေ။ ဒီအိမ်​မှာကြ​တော့ နံရံကပ်​စားပွဲ​လေးတစ်​လုံးပါရှိသည်​။ ဒူး​လောက်​အမြင့်​ရှိပြီး မကျယ်​​ပေမယ့်​ အဲ့​ပေါ်မှာ သစ်​သီးတစ်​ချို့တင်​ထားသည်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now