7.7

9.2K 1.7K 74
                                    

ပြိုင်ပွဲမှာ ပါဝင်ကြတဲ့ မော်ဒယ်တွေက ပြိုင်ပွဲစာချုပ် ချုပ်ဆိုကြပြီး ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းတွေ အဖွဲ့အစည်းက စီစဥ်ပေးတာတွေကို လက်ခံရသည်။ ပြိုင်ပွဲစည်းကမ်းကို မလိုက်နာတဲ့သူတွေက ပြိုင်ပွဲကနေ ထုတ်ပယ်ခံရပြီး တရားရင်ဆိုင်ခံရနိုင်သည်။

မော်ဒယ်တစ်ယောက်စီက အေးဂျင့်တစ်ယောက် ဒါမှမဟုတ် လက်ထောက်တစ်ယောက်ပဲ ခေါ်ဆောင်ခွင့်ရှိသည်။

ပြိုင်ပွဲအစီစဥ် တစ်ခုလုံးကို အင်တာနက်ပေါ်မှာ live လွှင့်မည်ဖြစ်သည်။ ပရိတ်သတ်တွေက အင်တာနက်မှာ live ကြည့်နိုင်သလို တစ်ချိန်တည်းမှာပဲ ကိုယ်ကြိုက်တဲ့သူကို vote ပေးလို့ရသည်။

ပရိတ်သတ်တွေအားလုံးက ပြိုင်ပွဲကို ကြည့ဖို့အတွက် စိတ်လှုပ်ရှားနေကြသည်။ ယေဘုယျအားဖြင့် ကြော်ငြာရိုက်နေစဥ်အတွင်းမှာ ဘယ်သူကမှ live မလွှင့်ချင်ကြပေ။ ဘာဖြစ်လို့လဲဆိုတော့ ရိုက်ကူးနေစဥ်မှာ အမှားတွေလုပ်မိကြပြီး မော်ဒယ်တွေရဲ့ အားနည်းချက်တွေ ပေါ်လာတတ်ကြသည်။ ပြုပြင်ပြီး အကောင်းဆုံး ရိုက်ချက်ကိုမှ ကြော်ငြာလွှင့်ကြသည်။

ဒါကြောင့် ပရိတ်သတ်တွေက သံသယဖြစ်နေကြပြီး ဘယ်မော်ဒယ်က ရိုက်ကူးရေးက ဘယ်လိုဖြစ်မလဲ အပြင်မှာ မြင်နေကြ ကြော်ငြာတွေနဲ့ အခုက ဘာကွာသလဲဆိုတာ သိချင်နေကြသည်။ သူတို့ရဲ့ အကြိုက်ဆုံး Idol က ရိုက်ကူးရေးမှာ ဘာဖြစ်မလဲဆိုတာ သိချင်နေကြသည်။

အမှတ်ပေးစည်းမျဥ်းက ပရိတ်သတ်တွေက ၃၀%၊ ဒီဇိုင်နာတွေက ၂၀% ရိုက်ကူးရေးမှာ အလုပ်လုပ်တဲ့သူတွေက ၁၀% ရိုက်ကူးပြီးတဲ့ ကြော်ငြာကို ကြည့်ရှုသူ အရေအတွက်က ၁၀% Regulus က ၃၀% ဖြစ်သည်။

ပထမဆုံးပြိုင်ပွဲ ကျင်းပမယ့်နေရာက Fernelea group ကပိုင်တဲ့ ရေအောက်ဥယျာဥ်စတိုင် ဟော်တယ်မှာ ဖြစ်သည်။ ပြိုင်ပွဲအကြာင်းအရာကလည်း ဟိုတယ်ကို ပရိုမိုရှင်းလုပ်မှာဖြစ်သည်။

အလုပ်သမားက jing yang ကို စီစဥ်ပေးထားတဲ့ အခန်းကို လိုက်ပြသည်။ jing yang အခန်းထဲဝင်သွားတော့ အံသြသွားသည်။ သူက အရင်ဘဝက ဘုရင်ရဲ့ နန်းတော်မှာ နေဖူးတာကြောင့် ဇိမ်ခံရတဲ့ဘဝဆိုတာကို နားလည်သည်။ ဒါပေမဲ့ ဒီအခန်းက ကမ္ဘာ့အဆင့်အတန်းမှီတယ်လို့ပြောရမယ်။ အခန်းထဲမှာ သုံးထားတဲ့ ပစ္စည်းတွေက ရိုးရှင်းပေမယ့် အဖိုးတန်ဆုံးအရာတွေနဲ့ ပြုလုပ်ထားခြင်းဖြစ်သည်။ အခန်းအပြင်အဆင်ကလည်း လုံးဝကို စတိုင်ကျလှပပြီး တစ်ချက်ကြည့်လိုက်တာနဲ့ ဒီဇိုင်နာကောင်းကောင်းနဲ့ သေချာပြင်ဆင်ပေးထားမှန်း သိသာသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now