6.1( မြင့်မြတ်သော အလင်း၏ ဒဏ္ဍာရီ)

21.2K 1.6K 53
                                    

ဘီးရွေ့နေတာကို jing yang ခံစားမိပြီး မျက်လုံးမဖွင့်ရင်တောင် သူမြင်လှည်းပေါ်မှာ ရောက်နေမှန်းသိသည်။ မျက်လုံးဖွင့်လိုက်တော့ ပိုသေချာသွားသည်။ ဒါပေမဲ့ အရှေ့တိုင်း မြင်းလှည်းပေါ်မှာမဟုတ်ဘဲ မှန်ပြတင်းပေါက်တွေ ပါတဲ့ အနောက်တိုင်း မြင်းလှည်းပေါ်မှာ ဖြစ်သည်။

ပြတင်းပေါက် အပြင်ကို ကြည့်လိုက်တော့ မြင်းစီး စစ်သားတွေကို တွေ့လိုက်ရသည်။ စစ်သားတွေရဲ့ အဝတ်အစားကို ကြည့်လိုက်တော့ ရှေးဟောင်း အနောက်ဥရောပ နိုင်ငံတစ်ခုကို ရောက်နေတာနေမှာ။

သူ့ကိုယ်သူလည်း ပြန်လည်း ဆန်းစစ်ကြည့်တော့ အဝတ်ဟောင်းတွေကို ဝတ်ထားတာကို တွေ့လိုက်ရသည်။ အဖြူရောင် ဝတ်ရုံဖြစ်သည်။ ဒီလို ခမ်းနားတဲ့ မြင်းလှည်းနဲ့ သိပ်မလိုက်ဖက်ပေ။

အပြင်ကို ခဏကြည့်ပြီးတော့ jing yang က သက်တောင့်သက်သာဖြစ်အောင် နောက်မှီပြီး မျက်လုံးမှိတ်ကာ မူလခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေကို ပြန်ကြည့်နေသည်။

ဒီကမ္ဘာက လူသားတွေနဲ့ နတ်ဆိုးတွေ တိုက်ခိုက်နေတဲ့ ကမ္ဘာဖြစ်ပြီး Sabio လို့ခေါ်သည်။ ပြီးတော့ မြင့်မြတ်သော အလင်းနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီလည်း ရှိသည်။

နတ်ဆိုးတွေက ရက်စက်ပြီး လူမဆန်ပေ။ လူသားမျိုးနွယ်ကို အမြဲခြိမ်းခြောက်နေသည်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နတ်ဆိုးတွေကြောင့် လူသားမျိုးနွယ် မျိုးတုန်းလုနီးမှာ ရုတ်တရက် ကမ္ဘာမြေပေါ်ကို သုံးလဆက်တိုက် သဲကြီးမဲကြီး မိုးရွာသွန်းသည်။ မိုးရေတွေက နတ်ဆိုးတွေရဲ့ မှော်ခန်းမတွေကို ပြိုပျက်စေပြီး နတ်ဆိုးတွေရဲ့ မှော်စွမ်းအားတွေကို လျော့ကျစေသည်။

မိုးရွာတာ ရပ်သွားတော့ တိမ်မည်းတွေအားလုံး ပျောက်ကွယ်သွားပြီး ကောင်းကင်ပေါ်က အလင်းရောင်တွေ ကျရောက်ကာ လူသားတွေရဲ့ နယ်ပယ်က နတ်ဆိုးတွေအားလုံးကို ပျောက်ကွယ်သွားစေသည်။

အလင်းရောင်တွေ ပြန်ပျောက်သွားတော့ ရုတ်တရက် စမ်းချောင်းတစ်ခု ပေါ်လာသည်။ အလင်းရောင်တွေ ကျရောက်ခဲ့တဲ့ နေရာမှာ လူတွေက ဘုရားကျောင်းဆောက်ကာ မွေးကင်းစ ကလေးအားလုံးကို ထိုနေရာမှာ နှစ်ခြင်းမင်္ဂလာပြုလုပ်ပြီး မြင့်မြတ်တဲ့အလင်းအောက်မှာ ခိုလှုံခွင့်ပေးဖို့ ဆုတောင်းကြသည်။ ထူးခြားဆန်းပြားမှုတစ်ခု ပေါ်ပေါက်လာသည်။ စမ်းရေမှာ နှစ်ခြင်းမင်္ဂလာပြုတဲ့ ကလေးတစ်ချို့က အလင်းအစွမ်းနဲ့ ကြီးပြင်းလာကြပြီး နတ်ဆိုးတွေရဲ့ မှော်အစွမ်းကို သန့်စင်နိုင်ကြသည်။ အဲ့အချိန်ကစပြီး လူသားတွေက နတ်ဆိုးတွေကို ပြန်တိုက်ခိုက်ဖို့ အစွမ်းရှိလာသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now