1.12

16.9K 1.9K 62
                                    

ZJL က နည်းလမ်းမျိုးစုံသုံးပြီး jing yang က လူမဆန်​​ကြောင်း နှလုံးသားမရှိ​ကြောင်း စတဲ့ စကား​တွေဖြန့်​​စေတယ်​။ ထိုအခါ Jing yang ကို ​မထောက်​ခံတဲ့လူ​တွေ​ တိုးလာသည်​။jing yang က​တော့ လူ​တွေရဲ့အမြင်​ကို ဂရုမစိုက်​ဘဲ သူ့အလုပ်​သူ လုပ်​​နေတယ်​။ သူ့ကိုယ်​သူ မှန်​တဲ့အ​ကြောင်း​တောင်​ ရှင်းပြမ​နေဘူး။

Zheng သားအဖက jing yang ကို လူထုရဲ့ထင်​မြင်​ချက်​ကိုသုံးပြီး ဖိအား​ပေးလို့မရ​တာကို သိသွားသည်​။ ဒါ​ပေမဲ့ Lu အိမ်​က​နေနှင်​ထုတ်​ခံရတာကို လုံးဝမ​ကျေနပ်​ကြဘူး။ ဒါ​ကြောင့်​ Lu အိမ်​ကို Jing yang လက်​ထဲက ပြန်​လုချင်​ရင်​ တခြားနည်းလမ်းသုံးမှ ဖြစ်​​တော့မယ်​။

ZJM အခုတ​လော QX ကိုမ​တွေ့​သေးဘူး။ သူတို့အိမ်​က​နေနှင်​ထုတ်​ခံရတဲ့ သတင်းပြန့်​သွား​တာ​တောင်​မှ လာပြီးကူညီ​မ​ပေး​သေးဘူး။ ဒါ​ကြောင့်​ ZJM ကိုယ်​တိုင်​ဘဲ QX အိမ်​ကို​ရောက်​သွားသည်​။

QX က ZBC နဲ့ JY တို့လက်​ချက်​​ကြောင့်​ အနားယူ​နေတာဖြစ်​သည်​။ ဒဏ်​ရာ​တွေက အတွင်းဒဏ်​ရာ​တွေဖြစ်​ပြီး အပြင်​မှာ မမြင်​ရ​ပေ။အရင်​​နေ့​တွေက ​ဆေးရုံမှာသာ​နေရပြီး မ​နေ့ကမှ ​ဆေးရုံမှဆင်းတာဖြစ်​သည်​။

ZJM က QX နဲ့ စကားအနည်းငယ်​​ပြော​နေတုန်း QX က ဗိုက်​ကိုဖိကာ ညည်းလိုက်​သည်​။ZJM က စိုးရိမ်​စွာဖြင့်​ " QX ဘာဖြစ်​တာလဲ။ မသက်​သာဘူးလား။"

" ဘာမှမဖြစ်​ပါဘူး။ အိမ်​​ပေါ်ကပြုတ်​ကျတာပါ။" ZBC နဲ့ LJY ရိုက်​တာခံရတယ်​လို့​​ပြောရမှာ QX ရှက်​သည်​။

" ငါ့မိဘနဲ့ င့ါကို LJYက အိမ်​ကနှင်​ထုတ်​တာကို သိလား။" ZJM ​မေးသည်​။

" သိတယ်​။" မီဒီယာမှာ ဒီအ​ကြောင်းကို ​နေ့တို​င်းထုတ်​လွှင့်​​နေတာ QX မသိဘဲ ဘယ်​​နေမလဲ။

" မင်းငါ့ကို ကူညီပါလား..." ZJM တုန့်​​ဆိုင်းနေပြီး " ငါက Lu အိမ်​မှာ မ​နေချင်​​ပေမယ့်​ ငါ့အ​ဖေက Lu မိသားစုဆီမှာ နှစ်​​ပေါင်းများစွာ အလုပ်​လုပ်​​ပေးလာတာ​လေ။ Lu အိမ်​ကနှင်​ထုတ်​ခံလိုက်​ရ​တော့ အ​ဖေစိတ်​မ​ကောင်းဖြစ်​သွားတယ်​။ ​တော်​​တော်​လည်း ရှက်​သွားတယ်​။သူကအဲ့ဒီအိမ်​ကို မပိုင်​ဆိုင်​ချင်​​ပေမယ့်​ သူနှစ်​​ပေါင်းများစွာ ခံလာရတဲ့ ခါးသီးမှု​တွေနဲ့ ထိုက်​တန်​​အောင်​ တရားမျှတမှုကို လိုချင်​တယ်​တဲ့။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now