3.11

17.1K 1.8K 52
                                    

Jing  yang က ယာဉ်​ပျံ​ပေါ်က စား​သောက်​ခန်းမှာ ညစာစားပြီး အခန်းပြန်​ကာ ​ရေချိုးပြီး အိပ်​ဖို့ပြင်​သည်​။

နား​နေခန်းက ​ရေခိုး​ငွေ့​တွေပျံ့လွင့်​​နေပြီး ​ရေ​နွေး​နွေးက Jing yang ကိုယ်​​ပေါ်ကျ​နေသည်​။ ရုတ်​တရက်​ ​ရေချိုးခန်းတံခါးပွင့်သွား​တော့ Jing yang လန့်​သွားသည်​။ မျက်​လုံးဖွင့်​ပြီးကြည့်​လိုက်​​တော့ တံခါးဝမှာရပ်​​နေတာ Bowie ဖြစ်​​နေသည်​။

Jing yang ​ရေပိုက်​ကိုပိတ်​လိုက်​ပြီး သဘတ်​ကိုခါးမှာပတ်​ကာ Bowie ကို သတိအ​နေအထားနဲ့ကြည့်​ပြီး ​မေးလိုက်​သည်​။ " ခင်​ဗျားဘာလုပ်​တာလဲ။"

Bowie က ​ရေချိုးခန်းထဲဝင်​ကာ တံခါးပိတ်​ပြီး တံခါးကိုမှီကာ လက်​ပိုက်​လိုက်​သည်​။ jing yang ကို လှမ်းရှိုးလိုက်​ပြီး " ကိုယ်​မင်းနဲ့ စကား​ပြောချင်​လို့။"

" ဒီအချိန်​ကြီး ဒီ​နေရာမှာ စကား​ပြောမယ်​။ " Jing yang က နားမလည်​တဲ့ပုံစံနဲ့ ကြည့်​လိုက်​ပြီး "အရင်​ဆုံး အဝတ်​​လေး​တော့ ဝတ်​ပါ​ရ​စေ။"

Bowie က ​ရှေ့တိုးလာပြီး jing yang က အလန့့်​တကြားနဲ့​နောက်​ဆုတ်​တာ နံရံကို​ကျေကပ်​မိသွားသည်​။ Bowie က နံရံ​ပေါ်လက်​​ထောက်​လိုက်​ပြီး Jing yang ကို သူ့လက်​ကြားထဲ ပိတ်​ထားသည်​။

" အ​တွေ့အကြုံသင်​တန်းအ​ကြောင်း​ပြောချင်​ရင်​ ဒီက​နေထွက်​ပြီး ​အေး​အေး​ဆေး​ဆေး ​ပြောလို့ရပါတယ်​။" Jin yang က Bowie မျက်​လုံးထဲက အလိုရမက်​​တွေကိုမြင်​သည်​။ သူ့ချစ်​သူဟုတ်​ဟုတ်​မဟုတ်​ဟုတ်​ မနက်​ဖြန်​​ပြိုင်​ပွဲရှိ​သေးတယ်​​လေ။ သူ့ချစ်​သူဟုတ်​ခဲ့ရင်​​တော့ သူဒီညလွတ်​မည်​ မထင်​​ပေ။

" စီးပွား​ရေး​အ​ကြောင်းက အနာဂတ်​မှာ ​ပြောလို့ရတယ်​။ အခုကိုယ်​​ရေးကိုယ်​တာ အ​ကြောင်း​ပြောရ​အောင်​​လေ။" Bowie မျက်​နှာက တဖြည်းဖြည်းကပ်​လာပြီး jing yang နားနားကပ်​ကာ တိုးတိုး​လေး​ပြောသည်​။ " ကိုယ်​တို့ဒီမှာ စကား​ပြောကြမယ်​။"

Jing yang နား​တွေက စန်းစန်းတင့်​ဖြစ်​လွန်းသည်​။ ဒီလိုလာပြီး ​လေမှုတ်​တာကို လုံးဝမခံနိုင်​ဘူး။ Jing yang က သူ့ကိုနည်းနည်းတွန်းလိုက်​ပြီး " ဘာအ​ကြောင်း​ပြောချင်​တာလဲ။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now