sequel-episode 6 zawgyi

2.1K 213 2
                                    

ထို့​ကြောင့်​....(sequel) (episode 6)
-------------------------------

ကျိုက်​သန်​လန်​ဘုရား၏ အ​​ရှေ့ဘက်​​စောင်းတန်းမှကြည့်​လျှင်​ ​တောင်ေ​ခြရှိ ဘူတာကြီးကို ခန့်​ခန့်​ညားညားဖြင့်​ ဟီးခနဲမြင်​​တွေ့ရ​ပေမည်​။ မြင်​ကွင်းတစ်​ဆုံး ကျယ်​​ပြောလှ​သော လွင်​ပြင်​ကြီးသည်​လည်း ထီးထီးကြီးပင်​။ မနက်​အရုဏ်​ဦးကို ဒီ​တောင်​​ပေါ်ကကြ့ည့်​လျှင်​ သိပ်​သာယာဖို့​ကောင်းသည်​။ လွင်​ပြင်​ကျယ်​ကြီးထက်​၌ မြူများတစ်​ရိပ်​ရိပ်​​ရွေ့​နေ​သော မြူပင်​လယ်​ကြီးနှင့်​ ​ရွှေဝါ​ရောင်​​နေခြည်​နုနုသည်​ သိပ်​လိုက်​ဖက်​လှ၏။ ခု​တော့ မွန်းတည့်​ချိန်​ဖြစ်​၍ မြူများဆိုင်း​နေခြင်းမရှိပါ။ အ​ရှေ့ခပ်​ယွန်းယွန်းက အတ္ထရံတံတား တိုင်​များကို မပီမဝါးမြင်​​တွေ့ရသည်​မှာလည်း လွမ်း​မောစရာတစ်​ခုပင်​။

ကျွန်​​တော်​တို့သည်​ အ​ရှေ့ဘက်​​စောင်းတန်းရှိ ဇရပ်​တစ်​ခုထဲအရိပ်​ခိုဝင်​ထိုင်​ရင်း ထိုလွင်​ပြင်​ကြီးကို တ​စ်ေ​မ့တ​စ်ေ​မာ ​ငေးကြည့်​​နေမိသည်​။

"သိပ်​လှတာပဲ​နော်​...ရူပိုင်​..."

အသာက ကျွန်​​တော့်​နာမည်​ကို​ခေါ်ပြီး တမ်းတမ်းတတ​လေး​ပြောလာသည်​။

"ငါ့နာမည်​သိသွားပြီလား..."

"သိတာ​ပေါ့ ငါ့​မေ​မေ​ပြောပြထားတာကို၊ တမင်​မ​ခေါ်ချင်​လို့မ​ခေါ်တာ..."

တမင်​မ​ခေါ်ချင်​လို့တဲ့လား...။ မင်းဟာ​လေ သိပ်​ဆိုးတဲ့​ကောင်​​လေးပဲ။

"​ဒေါ်​ဒေါ်က ဘာ​တွေ​ပြောထား​သေးလဲ...."

"မင်းနဲ့ငါက အရမ်းခင်​ကြတာပဲတဲ့...၊ ဒါ​ပေမဲ့​လေ..."

အသာက စကားကိုခနရပ်​ပြီး ​ငေး​နေရာမှ ကျွန်​​တော့်​ဘက်​လှည့်​လာသည်​။ မျက်​ဝန်းများသည်​စူးရှ​နေပြီး ရွှန်းရွှန်းလဲ့လဲ့နှင့်​ တစ်​ခုခုကို အရဲစွန့်​​ပြောချင်​​နေသလို...။

"ငါ့စိတ်​ထဲ တစ်​ခုခုပဲ...၊ မင်းနဲ့ငါအရမ်းရင်းနှီးသလို ခံစားရတယ်​၊ ရင်းနှီးတာထက်​ပိုရင်​လည်းပိုမှာ​ပေါ့​လေ၊ မ​ပြောပြတတ်​ဘူး...၊ မင်းနဲ့ဆို ​ပျော်​ဖို့​ကောင်းတာ​တော့သိတယ်​..."

ထို့​ကြောင့်​...........(based on true story)Where stories live. Discover now