ထို့ကြောင့်...(sequel) (episode 7)
-------------------------------ကျွန်တော်ရောက်သြားသောအချိန်တွင် ဒေါ်ဒေါ်သည် မျက်နှာငယ်လေးဖြင့် အိမ့်မှူးပိုင်၏ဆွေမျိုးများရှေ့တွေထိုင်နေသည်။ အိမ့်မှူးပိုင်ဆွေမျိုးများက မာရေကျောရေဖြင့် မာန်ကိုချီရင်းရှိနေကြသည်။ ကျွန်တော်ရောက်သြားတော့ ဒေါ်ဒေါ်ကအားကိုးတကြီးဖြင့် နေရာပေးရှာသည်။ ကျွန်တော်ထင်ထားသလို အသာဘာမှမဖြစ်သည့်အတွက် အနည်းငယ်စိတ်သက်သာပေမဲ့ အပူကတော့မငြိမ်းပေ။
"ဘယ်လိုဖြစ်ရတာလဲ ဒေါ်ဒေါ်"
ဒေါ်ဒေါ်သည် အားပျော့သော အသံဖြင့် "ဒေါ်ဒေါ်လည်းဘာမှမလုပ်တတ်တော့ဘူး မောင်ရင်ရေ"ဟုပြောလာသည်။
"မင်းက သူတို့နဲ့ဘာတော်တာလဲ..."
တစ်ဖက်ကလူကြီးတွေအသံက အထက်စီးဆန်သည်။ အစကတည်းက ကျွန်တော်ကျေလည်သည့်လူများမဟုတ်၍ ခေါင်းငုံ့မခံချင်။
"ဒါကျွန်တော့်အဒေါ်...ဒါနဲ့ဦးလေးတို့ကဘာဖြစ်ရပြန်တာတုန်း..."
"အေး...ငါတို့ငွေကို တစ်ပတ်အတွင်းကြေအောင်မဆပ်ရင် တရားစွဲမယ်လို့ လာအသိပေးတာ...."
ဘာသက်သေအထောက်အထားရှိလို့သူတို့ကတရားစွဲမယ် ခြိမ်းခြောက်နေရသနည်း။ တရားမမှုနဲ့လား ပြစ်မှုဆိုင်ရာနဲ့လား။
"စြဲလဲစြဲပေါ့...ဘာသက်သေအထောက်အထားရှိလို့ ခင်ဗျားတို့ကစွဲမှာလဲ..."
ကျွန်တော်သည် ဒေါ်ဒေါ့်အစားသည်းမခံနိုင်၍ အသံခပ်မာမာဖြင့် ပြောလိုက်သည်။ ဒေါ်ဒေါ်က ကျွန်တော့်လက်မောင်းကို ခပ်ဖြဖြလေးဆုပ်ကိုင်ကာ ....
"မင်းဦးလေး သူတို့ဆီကယူတုန်းက အသိသက်သေနဲ့ယူထားတာ၊ စာချုပ်စာတမ်းလည်းရှိတယ်၊ ဟိုဘက်ကိုပေးတော့မှ ဘာစာချုပ်ဘာအသိသက်သေမှမပါပဲ ယုံကြည်မှုနဲ့ပေးလိုက်တာ..."
အို...ဒေါ်ဒေါ်တို့ကဘာလို့ ဒီလောက်တုံးအနေရတာလဲကွယ်။ ဒေါ်ဒေါ့်ပုံက တစ်ဖက်ကိုရင်မဆိုင်ရဲသည့်ပုံပင်။ အရာရာကိုကြောက်လန့်နေသည်။ ကျွန်တော်လည်း ဘယ်လို အကြံထုတ်ရမှန်းမတွေးတတ်တော့ပေ။
YOU ARE READING
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst