ထို့ကြောင့်....(sequel)(episode 2)
------------------------------ကျွတ်....ကျွတ်...ကျွတ်
ခေါင်းက နာနေ၍ထင်သည်။ မေမေသည် ညှင်းညှင်းလေးညည်းရှာ၏။
"သက်သာလား "
ကျွန်တော့်အမေးကို မေမေကခေါင်းညိတ်၍သာပြန်ဖြေလေသည်။ ပြီးနောက်မွ...
"အင်း၊ ခုခွင့်ဘယ်နရက်ရလာလည်း"
"ကျွန်တော် တပ်ပြောင်းကျပြီ၊ ကြားထဲဆယ်ရက်လောက်တော့အချိန်ရတယ်..."
"အော်...."
ကိုယ်ရေးကိုယ်တာ ကိစ္စတွေမေမေ့ကိုမပြောဖြစ်သာကြာပြီ။ မေမေက မေးလျှင်တောင် အလုပ်မအားဘူးဆိုကာ ဖုန်းချရက်ခဲ့တဲ့ ကျွန်တော်ပါ။
"သာကျော် ဒီမွာဆေးရုံတက်နေတယ်..."
ကျွန်တော့်စကားကြောင့် မေမေ့ဘက်ကတိတ်ဆိတ်သွားသည်။
"မေမေသိတယ်မို့လား...ဟင်၊ လုပ်ရက်လိုက်တာမေမေရယ်၊ အဲ့ဒီနေ့က အသာလိုက်လာတာ ဘာလို့မေမေမပြောခဲ့တာလည်း၊ တကယ်...မေမေတို့က ကိုယ့်အတ္တတွေကလွဲ ဘယ်သူ့မျက်နှာမှမထောက်ဘူး..."
စို့နင့်မှုတွေကို ကျွန်တော်ဖြေလျော့ကာ ငိုပြစ်လိုက်တော့သည်။ မေမေ့ကိုလည်း လူမမာလို့မမြင်တော့။ ကျွန်တော့် ခံစားချက်တွေကို ဆက်ပြီးမြိုသိပ်နေလျှင် ရူးသွားနိုင်လောက်သည်။
"မင်း...မင်းငါ့ကို အပြစ်ပြောဖို့ပြန်လာတာလား..."
မေမေ့၏အသံကလည်း အားမသန်ပေမဲ့ အနည်းငယ်မာဆတ်နေသည်။
"မဟုတ်ပါဘူး...မေမေရယ်၊ ဒီတစ်ခါတော့ ကျွန်တော့်လမ်းကိုကျွန်တော့်စိတ်ကူးနဲ့ဖောက်ပါရစေတော့၊ ကျွန်တော်တောင်းဆိုတာပါ၊
ကျွန်တော့်ကို မသနားရင်တောင် အသာကိုသနားပါ၊ သူကိုမာဝင်နေတာ သုံးနှစ်ရှိပြီ"မေမေသည် အံ့သြမှုကို အလျင်မျပချေ။ ဒါဆို မေမေအားလုံးကိုသိနေတာပဲလား။ ဘာကြောင့်နှုတ်ဆိတ်နေနိုင်ရက်တာလဲကွယ်။
"မင်း...ဘာလုပ်ဖို့ဆုံးဖြတ်ထားတာလဲ"
"ကျွန်တော့်စိတ်ထဲရှိပြီးသား...၊ ခုမေမေသတိရလာပြီဆိုတော့ ကျွန်တော် ဆရာမအိမ်ခနသွားမယ်၊ ညနေလောက်ပြန်လာခဲ့မယ်"
DU LIEST GERADE
ထို့ကြောင့်...........(based on true story)
Romantikလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst