sequel episode 19 uni

598 54 0
                                    

ထို့ကြောင့်.....(sequel) episode 19
--------------------------------

လျင်သောအရှိန်ဖြင့်စီးဆင်းတတ်သော သံလွင်မြစ်ရေသည် မိုးဒဏ်ကြောင့် ခါတိုင်းထက်အလျင်ပိုသန်နေ၏။ ကမ်းစပ်သဲသောင်မှမြစ်လယ်ကိုကြည့်လျှင် တစ်ငြိမ့်ငြိမ့်လေး လျောဆင်းနေသည်ဟုထင်ရသော်လည်း ထိုအလျင်သည် သန်လွ၏။

ကမ်းနဖူး၌မေးတင်၍ ကပ်ထားသော ပွန်ချွန်း၏ အလယ်ရှိ တစ်ခုနှင့်တစ်ခု တွဲစပ်ပေးထားသော သံပြားေဘာင်ကြီးေပါ်သို့ ကျွန်တော်တက်လိုက်ပါသည်။ ရေစီးသန်လွသောကြောင့် ပွန်ချွန်းပေါ်မှနေ၍ ရေခပ်ချိုးရန်ကျွန်တော်က စိတ်ကူး၏။ ရေအနည်းငယ်သာကူးတတ်သော ကျွန်တော့်အဖို့ မြစ်ထဲရေဆင်းချိုးရာမှ ရေစီးနှင့်ပါသွားလျှင်ခက်ရချည်ရဲ့။ ပြီးတော့ ကျွန်တော်ကရေကြောက်တတ်သည်။

သံပြားဘောင်၏အစွန်းအစပ်နားသို့အရောက် အနောက်ကမ်းပါးပေါ်မှ အစ်ကိုကျော်၏ စိုးရိမ်တကြီးခေါ်သံကိုကျွန်တော်ရတော့သည်။

"ရူပိုင် ခဏနေဦး...."

အစ်ကိုကျော်က လှမ်း၍ခေါ်ရင်း သောင်ပြင်သို့ သုတ်ချေတင်ပြေးဆင်းလာသည်။ ရေခပ်မချိုးဖြစ်သေးပဲ သူပြေးဆင်းလာသည်ကိုသာ ကျွန်တော်ကြည့်နေမိသည်။ အမောတကောပြေးဆင်လာရပုံထောက် ဘာအကြောင်းထူးများရှိ၍လည်းမသိဟု တွေးတောမိသည်။

အစ်ကိုကျော်ကအရှိန်ဖြင့်တက်လိုက်သောကြောင့် ပွန်ချွန်းသည် သိမ့်ခနဲလှုပ်ရမ်းသြားကာ ကျွန်တော့်ကိုယ်လေးပင်ယိုင်လုလုဖြစ်သွားရသည်။ ကိုယ်ဟန်သတ်ကာ ပြေလျော့နေသော သူ့ပုဆိုးကို အစ်ကိုကျော်ကပြန်ပြင်ဝတ်သည်။ ထို့နောက်ပုံမှန်ခြေလှမ်းဖြင့် ကျွန်တော်ရှိရာသို့တိုးကပ်လာ၏။ ခြေလှမ်းကပုံမှန်ဆိုသော်လည်း အစ်ကိုကျော့်မျက်နှာအသွင်အပြင်က ပုံမှန်မဟုတ် တစ်ခုခုကိုစိုးရိမ်တကြီးဖြင့် မြစ်ရေကြောကို ဝေ့ဝဲအကဲခတ်လာခြင်းဖြစ်သည်။

"ဘာဖြစ်လို့လဲ အစ်ကိုကျော်. ..."

ကျွန်တော့်အမေးကို အစ်ကိုကျော်ကမကြားချင်ယောင်ဆောင်ကာ ဘေးတွင်ယှဉ်ရပ်၍ အောက်သို့ငုံ့ကြည့်သည်။

ထို့​ကြောင့်​...........(based on true story)Donde viven las historias. Descúbrelo ahora