sequel episode 11 uni

1K 63 0
                                    

ထို့ကြောင့်...(sequel) (episode 11)
--------------------------------

ကျွန်တော် သတိရလာသောအချိန်သည် အခန်းတစ်ခန်းထဲသို့ရောက်နေခြင်းဖြစ်သည်။ အိပ်နေရသော မွေ့ရာအထိအတွေ့နှင့် မျက်နှာကြပ်က မီးလုံးဝိုင်းဝိုင်းကြီးသည် ဒေါ်ဒေါ်တို့အိမ်တွင်မဟုတ်မှန်းသက်သေပြနေသည်။ ဘေးကိုဝေ့ဝဲကြည့်တော့ အစ်ကိုကျော်ရှိမနေပါ။ ထထိုင်ရန်ပြင်လိုက်တော့ လက်ဖျံကစူးကနဲနာကျင်သွားရသည်။ အို ဒရစ်ဘူးချိတ်ထားတာပဲ။

ဘုရားရေ...အခန်းကအဆင့်မြင့်လွန်းနေသည်။ ကုတင်ကနှစ်ယောက်အိပ်ကုတင်တစ်လုံး တစ်ယောက်အိပ်ကုတင်တစ်လုံးနှစ်လုံးဖြစ်သည်။ ရေမြုပ်မွေ့ယာကလည်း ဝပ်ပြီးငြိမ့်ငြိမ့်အိအိရှိလှသည်။ ဖလက်တီဗီ၊ မီနီဘား၊ ပါကေးတွေခင်းထားပြီး၊ ခန်းစီးလိုက်ကာဗြက်အကြီးကြီးတွေနှင့်။ မဟုတ်မွလြဲရော ဒါ...ဒါဟိုတယ်သာဖြစ်မည်။ သေပါပြီ...ပိုက်ဆံမရှိပါဘူးဆိုမှ သူကဒီလိုဟိုတယ်တွေခေါ်လာနိုင်သေးတယ်။ အသင့်တင့်တည်းခိုခန်းဆိုရပြီမဟုတ်လား။

တစ်ယောက်အိပ်ကုတင်တစ်ဖက်ရှိ ရေချိုးခန်းထဲမွ တံခါးဖွင့်သံ ပြီးတော့ တံခါးပြန်ပိတ်သံ။

"ဟော်...သတိရလာပြီလားညီ...၊ ကိုယ်စိတ်တွေပူနေတာ"

ရေချိုးပြီးကာစ အစ်ကိုကျော်သည် သဘက်အဖြူရောင်တစ်ထည်ကို ခါးတွင်ပက်ကာ အပေါ်ပိုင်းဗလာကျင်းကို ရေသုတ်ရင်းထွက်လာခဲ့သည်။ ခုမှသတိထားကြည့်မိသည်က သူ့ဗိုက်ကပူသယောင်ရှိသည်။ ဟိုလို ပူနေခြင်းမျိုးလည်းမဟုတ် ချက်အောက်နားရှိ ဆီးခုံနားမှာမှ မို့မို့ဖောင်းဖောင်းလေး ပူနေသလိုမျိုး။ ထိုဆီးခုံ၏ အလယ်တွင်လည်း အတန်းလိုက် ချက်ကိုထိစပ်နေသော အမွှေးတန်းလေးရှိသည်။
သူ့ခန္ဓာကိုယ်သည် တောင့်တင်းသည့်ခန္ဓာကိုယ်မဟုတ်ပါ။ ပြည့်ဖြိုးသည့်ခန္ဓာကိုယ်မျိုးဖြစ်သော်လည်း အချိုးအစားကျနသည်။ ရင်အုံကကျယ်သော်လည်း ကားစွင့်နေခြင်းမဟုတ်ပဲ မပွင့်တစ်ပွင့်မှိုပွင့်လေးလို ဖောင်းဖောင်းလေးပါ။ ကြွက်သားမ်ားကြောင့် ဖောင်းနေခြင်းမျိုးမဟုတ်။ အဆီအနည်းငယ်စု၍ဖောင်းနေခြင်းမျိုးဖြစ်သည်။ ထိုရင်အုံမောက်မောက်၏ အလယ်ချိုင့်ကြားတွင် အမွှေးနုလေးများလည်း ရေးရေးပေါက်နေသေးသည်။ ချိုင်းအောက်မွနေ၍ ခါးထက်သို့ရှူးကျလာသော ခန္ဓာကိုယ်အချိုးအစားက ကြည့်ကောင်းသည်ဟုဆိုရမည်။ ရေသုတ်နေသော သဘက်ကိုလှစ်ခနဲဖယ်လိုက်ချိန် မြင်တွေ့လိုက်ရသည့် မွေးရာပါကြယ်သီးလေးကတော့ သူ့အသားအရေနှင့်မွ မအပ်စပ် နီညိုရောင်လေးပါ။ အမှန်ဆို သူ့အသား အညိုစင်နဲ့က မည်းနက်နေရမည်မဟုတ်လား။

ထို့​ကြောင့်​...........(based on true story)Tempat cerita menjadi hidup. Temukan sekarang