ထို့ကြောင့်....(sequel) (episode 13)
--------------------------------ယနေ့ရာသီဥတုသာယာသည်။ တိမ်အကွယ်ကနေ ထိုးဆင်းက်ရောက်သောကြောင့် တော်သင့်ယုံသာနွေးသည်။ ပူသည့်ဘက်ကိုမရောက်။
မျက်နှာသစ်ပြီးသည်နှင့် ဒေါ်ဒေါ်စိုက်ထားသော ပန်းများရှိရာဘက်သို့ထွက်ခဲ့လိုက်သည်။ အထဲမွာနေသည်ထက်စာလျှင် ဒီလိုပန်းတွေအနားနေရသည်က လန်းဆန်းလိမ့်မည်ဟုထင်သည်။ ဒေါ်ဒေါ်ကတော့ လေစိမ်းထိ၍ အဖျားပြန်တက်လာမည်စိုးသောကြောင့်တားသေးသည်။ ကျွန်တော့်ဆီကို အသာမွလြဲ၍ ဘယ်နေရာကမှာလေစိမ်းမတိုက်တတ်မှန်း ဒေါ်ဒေါ်မသိသောကြောင့်ဖြစ်မည်။ပန်းတွေကို စိတ်ဝင်စားချင်မရှိသော်လည်း ဒေါ်ဒေါ်စိုက်ထားသည့်ပန်းတွေက တအားလှလွန်းသည်။ ကစ်စ်မီကွစ်တွေများလှလိုက်တာ....။ ထွေးထွေးနီနေသော အပွင့်များနှင့် ပန်းဖျော့ရောင် အဆုပ်လိုက်အဆုပ်လိုက်က အုံလိုက်ကိုပွင့်လန်းနေကြသည်။ တစ်ချို့အပွင့်တွေမှာများ သွေးကြောတွေလို အဖြူရောင် အမျှင်တန်းများလည်းပါတတ်သေးသည်။ ဟိုးဘက်ကတစ်ပင်ကတော့ နေရောင်အရမ်းက်၍မ်ားလား အရွက်တွေကခပ်နွမ်းနွမ်းရယ်။ သိပ်မသန်သလိုပင်။
ထိုအချိန်တွင် ခြံထဲသို့ဆိုင်ကယ်တစ်စီးဝင်လာလေ၏။ ဦးထုပ်ဆောင်းပြီး မှန်ကိုခ်ထားသော်လည်း အစ်ကိုကျော်မှန်းကျွန်တော်သိသည်။ အလျင်လို စတိုင်ပင်မဝတ်ထားပဲ ကချင်ပုဆိုး အကွက်စိတ်နှင့်ဖြစ်ပြီး အပေါ်က အဖြူခံပေါ် အပြာအစင်းကြောင်းများပါသည့် စပို့ရှပ်ကိုဝတ်ထားသည်။
"ပြန်ဖ်ားနေမယ်နော်...."
အစ်ကိုကျော်က ဦးထုပ်ကို မချွတ်သေးပဲ အသံပြုလိုက်ခြင်းဖြစ်ပါ၏။ ကျွန်တော့်နှုတ်ခမ်းက အနည်းငယ်စိသွားသည်။ ပြုံးသည်လည်းမဟုတ်ပါ။ သူ့စကားကိုအသိအမှတ်ပြုခြင်းသဘောမျိုးမျှသာဖြစ်သည်။
အစ်ကိုကျော်သည် ဆိုင်ကယ်ပေါ်မှဆင်းရင်း ကျွန်တော့်ကိုကျောခိုင်းကာ ဦးထုပ်ကိုချွတ်သည်။ ကျွန်တော့်ကို မျက်နှာမူသည့်ဘက်သို့ဆင်းလျှင်ရော မရဘူးလား။ ဟိုဘက်ကလည်းအကျယ်ကြီးပါ။
KAMU SEDANG MEMBACA
ထို့ကြောင့်...........(based on true story)
Romansaလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst