ထို့ကြောင့်...(sequel)(episode 3)
------------------------------ပထမပုံပြင်
မိုးကုပ်စက်ဝိုင်းအောက်မွာ ဘာရှိသလဲ။"တစ်ခါက ကမ်ဘာကြီးရဲ့အစွန်းတစ်ဖက် နေလုံးကြီးကွန်းခိုတဲ့နေရာမှာ နန်းတော်ကြီးတစ်ဆောင်ရှိသတဲ့။ နန်းတော်ကြီးဟာ ထီးထီးကြီးနဲ့ တစ်ကိုယ်တည်းပေါ့။ အဲ့ဒီနန်းတော်ကြီးဟာ ရွှေနန်းတော်ကြီးမဟုတ်သလို စိန်နဲ့ဆောက်ထားတာလည်းမဟုတ်ဘူး။ ဖန်နဲ့ဆောက်ထားတဲ့ ဖန်နန်းတော်ကြီးတဲ့။
ဖန်နန်းတော်ကြီးရဲ့ မုခ်ဝမွာ ဘီလူးနှစ်ကောင်က တစ်ဖက်တစ်ချက်အစောင့်သဘောနဲ့ ရှိနေကြတယ်။ နန်းတော်ကြီးဟာ တို့မြင်ဖူးသလို ပြသာဒ်တွေအဆောင်တွေနဲ့ဆောက်ထားတာမဟုတ်ဘူး။ ပိရမစ်ကြီးလို တြိဂံပုံစံဆောက်ထားတာတဲ့။ ပြီးတော့ ဖန်နန်းတော်ကြီးရဲ့ ပတ်ပတ်လည်မွာ လာဗင်ဒါပန်းတွေက အတန်းလိုက်အတန်းလိုက် အစီစီပေါက်ရောက်နေကြတယ်တဲ့။"" နေဝင်ချိန်ဆို ဖန်နန်းတော်ကြီးတစ်ခုလုံး ရွှေဝါရောင်ဖိတ်ဖိတ်တောက်ပြီး သိပ်သိပ်လွတာပဲတဲ့။ ပြီးတော့ အဲ့ဒီမွာ လူမနေဘူး။ နန်းတော်အလယ်မွာ ရွှေနဲ့ဆောက်ထားတဲ့ ကွပ်ပျစ်တစ်လုံးရှိတယ်။ အဲ့ဒီကွပ်ပျစ်ပေါ်မှာ ရဲရဲနီနေတဲ့ နှလုံးသားတစ်စုံကို ဖန်ပေါင်းချောင်ထဲထည့်ထားတယ်တဲ့။ အဲ့ဒီနှလုံးသားကို ဖူးစာလို့လူတိုင်းကခေါ်ဆိုကြတယ်။ အဲ့ဒီအချိန်တွေတုန်းက လူတိုင်းမှာအချစ်ကံခေတယ်ဆိုတာမရှိကြဘူး။ ကိုယ်ချစ်တဲ့သူနဲ့ထာဝရဆုံးတိုင်လက်တွဲရတယ်တဲ့ကွယ်။"
"အဲ့ဒီနန်းတော်ကြီးနဲ့ မိုင်တစ်ရာလောက်ဝေးတဲ့နေရာမှာ ရွာလေးတစ်ရွာရှိတယ်။ အိမ်ခြေငါးဆယ်လောက်သာ ရှိတဲ့ရွာငယ်လေးပေါ့။ ရွာကလူတွေဟာ လယ်စိုက်ခြင်းနဲ့ပဲ အသက်မွေးကြပြီး ရိုးသားကြတယ်။ ပြီးတော့ အဲ့ဒီရွာလေးမှာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်လည်း ရှိသတဲ့။"
ကျွန်တော့်ပုံပြင်ကို ခနရပ်လိုက်သောအချိန်တွင် မြင်နေရသော ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ဆိုင်းသြားလေပြီ။ အသာက ထိုအမှောင်ကိုသာ ငေး၍ကောင်းနေတုန်းပင်။
"ကုတင်ပေါ်လှဲမလား..."
ပန်းကန်ထဲကစွတ်ပြုတ်ကုန်သွားပြီဖြစ်၍ ကျွန်တော်ကအသာ သက်သက်သာသာရှိစေရန် ပြောလိုက်ခြင်းဖြစ်သည်။
ESTÁS LEYENDO
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst