episode 8 unicode

1.3K 124 0
                                    

အခန်​း-၈
--------

ဘယ်​သူနဲ့မှ အတူတွဲအတူလာသည်​ကို စိတ်​မချတတ်​​သောအသာသည်​ ကျွန်​​တော်​က တစ်​ခြားသူတစ်​​ယောက်​ကို စက္ကန်​့ပိုင်​းမျှကြာ​အောင် ​ကြည်​့မိသွားလျှင်​ပင်​ မကြိုက်​တတ်​ပါ။ ထိုအခါမျိုးတွင်​ ကျွန်​​တော်​မျက်​စိကျ​နေ​သော သူထပ်​ ပိုသာ​အောင်​ ကျွန်​​တော်​့လိုအင်​ဆန္ဒများကို သူကဖြည်​့ဆည်​းပြတတ်​သည်​။

မနက်​အိပ်​ရာနိုးသည်​နှင်​့ ကျွန်​​တော်​တို့ ကိုယ်​စီအိမ်​ပြန်​ကာ ဆယ်​နာရီတွင်​စာပြန်​သင်​ရမည်​ဖြစ်​သည်​။ အသာသည်​လည်​း သူ့အိမ်​သို့သူပြန်​ကာ ဆယ်​နာရီထိုးကာနီးကျ ကျွန်​​တော်​့အိမ်​သို့လာပြန်​​ခေါ်သည်​။ ပြီးမှနှစ်​​ယောက်​​ပေါင်​း၍ ဆရာမအိမ်​သို့သွားကြသည်​။

ဆရာမအိမ်​သို့​ရောက်​သည်​့အခါ ဖိုးခွား(​ေ​နလင်း​ေ​အာင်)​နှင်​့ ​​နောက်​တစ်​​ယောက်​ကဦးစွာ​ရောက်​ရှိ​နေကြသည်​။ ဖိုးခွားနှင်​့က တစ်​​ကျောင်​းထဲဖြစ်​​သော်​လည်​း မျက်​မှန်​းတန်​းမိခြင်​းမရှိ၍ ခင်​မင်​ယုံမျှပင်​မခင်​မင်​။ ကျန်​​တစ်​​ယောက်​က မလတ်​​ပြောပြချက်​အရ ​မော်​ကွန်​းထိန်​းသား ဉာဏ်​ထွန်​းမှန်​းသိရပြီး ကျွန်​​တော်​တို့နှင်​့​ကျောင်​းမတူ။ ဖိုးခွားက မျက်​နှာဝိုင်​းဝိုင်​း မျက်​လုံးကျယ်​ကျယ်​ဖြင်​့ ရိုးသားပွင်​့လင်​းသည်​့မျက်​နှာမူဟန်​ဖြစ်​သည်​။ ဉာဏ်​ထွန်​းက မျက်​နှာရှည်​ရှည်​၊ ဆံပင်​ခပ်​​ကောက်​​ကောက်​နှင်​့ မျက်​လုံးမျက်​ခုံး​ကောင်​းကာ မျက်​​တောင်​သည်​​ကော့ညွတ်​​နေသည်​ကို ကျွန်​​တော်​သတိထားမိသည်​။ ဖိုးခွားက ကျွန်​​တော်​တို့နှင်​့အတူညအိပ်​စာသင်​မည်​ဖြစ်​ပြီး ဉာဏ်​ထွန်​းက ​ကောင်​းပိတ်​ရက်​များတွင်​သာ စာလာသင်​မည်​ဖြစ်​သည်​။ ဖိုးခွားပုံသည်​ ပုံမှန်​သာဖြစ်​၍ ဉာဏ်​ထွန်​း၏ မူဟန်​က​တော့ ခင်​မင်​လိုဖွယ်​​ကောင်​း၏။

စားပွဲဝိုင်​းအတွင်​း ကျွန်​​တော်​က ဉာဏ်​ထွန်​း၏​ဘေးတွင်​ ဝင်​ထိုင်​လိုက်​သည်​့အခါ သာ​ကျော်​ကလဲ ကျွန်​​တော်​့​ဘေးနားဝင်​ကာထိုင်​သည်​။

ထို့​ကြောင့်​...........(based on true story)Tahanan ng mga kuwento. Tumuklas ngayon