ထို့ကြောင့်...sequel (episode 4)
-----------------------------လောကဓံအနိမ့်အမြင့်သည် တယ်လည်းဆန်းကြယ်လွပါတကား။ ယခင်ကျောင်းသားဘဝလို ကျွန်တော်တို့မှာ ပျိုမြစ်နုရွယ်တဲ့အတွေးတွေ၊ ဘဝတွေလည်းပြန်မရနိုင်တော့ပြီ။ အိပ်လိုက်၊ စားလိုက်၊ ပျော်ပါးလိုက်ဖြင့် လွတ်လပ်ပေါ့ပါးနေတဲ့အချိန်တုန်းကမ်ား စာကျက်ရသည်ကိုပင် ဘဝကြီးတစ်ခုလိုအောက်မေ့ခဲ့ရသည်။ အို...တကယ်တမ်းတော့ ဘဝသည် ဖတ်စရာ ကျက်စရာတွေထက် ပို၍နည်းပရိယာယ်ကြွယ်ဝသည်။ ဆယ်တန်းမေးခွန်းထက် ဘဝမေးခွန်းတွေကပိုခက်လှပါသည်။
ဒေါ်ဒေါ်သည် သူတို့မိသားစု၏ ဒုက္ခသုက္ခအဝဝကို ဝမ်းပန်းတနည်းပြောပြရှာသည်။ အိမ့်မှူးပိုင် မိဘတွေနဲ့ ဒေါ်ဒေါ်တို့က ယခင်ကတည်းက စီးပွားဖက်တွေမို့ သူတို့မင်္ဂလာကိစ္စကို ဆွေးနွေးတိုင်ပင်ခြင်းပင်မရှိ အလျင်အမြန်သဘောတူခဲ့ကြသည်တဲ့။ ကဲ...ဒီအကြောင်းတွေကို အသာကမပြောပြပဲ ရေငုံနှုတ်ပိတ်နေဖူးပါသတဲ့။ အက်ဆီးဒင့်မဖြစ်ခင် ဦးလေးရဲ့ဆွေမကင်းမျိုးမကင်းတစ်ယောက်က ငွေအလုံးကြီးလိုလို့ ဦးလေးကပဲ အာမခံပြီး အိမ့်မှူးပိုင်မိဘတွေဆီက တစ်ဆင့်လှည့်ပေးလိုက်တယ်။ သိပ်မကြာခင်မွာပဲ အဲ့ဒီငွေတွေက အလိမ်ခံရပါလေရောတဲ့။ အသာတို့က ပြည့်စုံတဲ့သူဆိုပေမဲ့ သိန်း၈၀၀၀ဆိုတဲ့ငွေပမာဏက နည်းနည်းနောနောမှမဟုတ်တာ။ စသိသိခြင်းမွာပဲ ဦးလေးကလည်း အိပ်ရာထဲလဲပါရော။ မိသားစုအတွက် အနစ်နာခံချင်တဲ့ အသာက ဆွေမျိုးတော်ရင် ဒီကိစ္စကို ပြောကောင်းဆိုကောင်းမွာပဲ အတွေးနဲ့ သူတို့မင်္ဂလာဆောင်ကို အလျင်စီစဉ်ခဲ့တော့တယ်။ ဒါပေမဲ့ သူတွေးသလိုမဖြစ်လာခဲ့ပဲ ကျွဲနှစ်ကောင်ခတ်ရာ မြေစာပင်သာဖြစ်ခဲ့ရှာတယ်။
တကယ်တော့ အသာဟာ ငွေမျက်နှာက လွဲပြီး တစ်ခြားမျက်နှာမကြည့်တတ်တဲ့ လူတွေအကြောင်းကိုမသိခဲ့တာ။သူအက်ဆီးဒင့် ဖြစ်ပြီးနောက်ပိုင်း အိမ့်မှူးပိုင်ဘက်က ဒီအကြောင်းတွေသိပြီး ငွေကိုမရမကပြန်တောင်းပါတော့တယ်။ ဆွေရင်းမျိုးရင်းတွေတောင် အမွေကိစ္စ ငွေကိစ္စတွေနဲ့ သေခန်းပြတ်သေးတာပဲ။ ဘယ်သူမွတော့ ငွေရေးကြေးရေးအရှုပ်အရှင်းနဲ့ဆွေမျိုးတော်ချင်ကြမှာမဟုတ်ပါဘူးလေ။ အဲ့ဒါနဲ့ ရှိသမျှ ခြံတွေအိမ်တွေထိုးရောင်းပြီး ဆပ်ခဲ့ရပေမဲ့ ရာဂဏန်းစွန်းစွန်းလောက်ကျန်နေသေးတယ်တဲ့။ ခြေစောင့်လက်စောင့် ထားတဲ့ငွေတွေကလည်း ဦးလေးနေမကောင်းခင် ဆေးကုစားရိတ်နဲ့ အသာရဲ့ဆေးကုစားရိတ်ကြောင့် တစ်ရိတ်ရိတ်က်လာခဲ့တော့တာပဲ။ ခုတော့ သူ့အစ်ကိုကပဲ နယ်စပ်မွာအရောင်းအဝယ်လုပ်ရင်း ဒေါ်ဒေါ်တို့ကို ထောက်ပံ့နေရတယ်တဲ့။
YOU ARE READING
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst