အခန်း-၄
--------ကျွန်တော်တို့ခင်မင်မှုအစသည် သာမန်အတိုင်းဖြစ်သော်လည်း စိတ်ချင်းနီးစပ်ခဲ့သည့် နှစ်ကိုယ်ကြားသံယောဇဉ်ကို ဘယ်သူအရင်စည်းကျော်ခဲ့မှန်းကျွန်တော်မပြောပြတတ်။
သူက ခပ်ဂျစ်ကန်ကန်လူတစ်ဦးဖြစ်သလို ကျွန်တော်သည် ခပ်အေးအေးလူတစ်ဦးဖြစ်သည်။ စိတ်နေသဘောထားခြင်းမတူသည့် ကျွန်တော်တို့နှစ်ယောက်ကြားက သံယောဇဉ်က ထင်ထားသည်ထက်ပို၍နက်ရှိုင်းခဲ့သည်။
"အပေါ့အပါသွားခနရပ်မယ်"
လမ်းခုလပ်တစ်နေရာတွင် ဆိုင်တစ်ဆိုင် ရှေ့ကားကခနရပ်သည်။
ဆိုင်အတွင်းဝင်၍ အအေးတစ်ခုခုသောက်ရန် မှာမည်အပြု ရေခဲသေတ္တာအတွင်းမှ ရွိုင်ယယ်-ဒီ ဖျော်ရည်ဘူးလေးတွေကိုတွေ့သည်။
အရင်ကဆို ရွိုင်ယယ်-ဒီ က အထုပ်နှင့်သာရပြီး ခုလိုဘူးမထွက်သေး။အော် သတိရစိတ်ဟူသည်ကလည်း ခက်သားလားကွယ်...။ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါဟု ထင်မှတ်ထားသော်လည်း တကယ်တမ်းကျ အသေးအမွှားလေးတွေကအစ ပြန်လည်တမ်းတတတ်နေသည်။ ဘာရယ်မဟုတ် အအေးဘူးလေးမြင်သည်ကိုပင် အသာတိုက်ဖူးသော ရွိုင်ယယ်-ဒီ ကိုသတိရမိသည်။
အရိပ်တကြည့်ကြည့်နေတတ်သောအသာနှင့်ပတ်သက်လျှင် အအေးဖျော်တိုက်သည်က အသေးစားကိစ္စရပ်တစ်ခုပင်ဖြစ်သည်။
သူသည်ကျွန်တော့်မျက်နှာ တစ်ချက်ပျက်မှာကိုပင် အမြဲစိုးကြောက်နေတတ်သူဖြစ်၏။ရွိုင်ယယ်-ဒီ ဘူးကို လှမ်းမြင်ယောင်ရင်း ကျွဲရိုင်းကိုသာကျွန်မှာမိသွားသည်။ အသာမရှိသောအရပ်တွင် အသာနှင့်ပတ်သက်ေသာ အမှတ်တရတွေကို ကျန်ရစ်မနေစေချင်ပါ။
---------------------------
"ရူပိုင်...."
ဖယ်ရီ ကားပေါ်ကဆင်းဆင်းခြင်း ခပ်စူးစူးခေါ်သံကြောင့် ဆတ်ခနဲဖြစ်သွားသည်။ အသံလာရာသို့ လှည့်ကြည့်လိုက်သည်နှင့် သာကျော်ဖုန်းသည် ဖျော့တော့တော့ခြေလှမ်းများဖြင့် ကျွန်တော့့်ဆီလှမ်းလာရင်း ဝေမှုန်မှုန်စိုက်ကြည့်နေသည်။ သာကျော်ဖုန်းကျွန်တော့်ဆီလှမ်းလာသည်က မထူးခြားပေ။ ထူးခြားသည်က သူ၏အသွင်အပြင်။ အမြဲတမ်း ပုဆိုးကိုချက်ပြုတ်ဝတ်ပြီး အကျႌအနောက်စကို အပြင်ထုတ်ဝတ်တတ်သောသူသည် ခုတော့ အကျႌကိုပုဆိုးအတွင်းထည့်ဝတ်ထား၏။ အကျႌလက်ေခါက်ထားပြီး အီမို ပုံစံဆံပင်အနေအထားကိုမှ ဒေါက်တိထားကာ အရင်လို ရှေ့ဆံမြိတ်ကို နဖူးပေါ်သို့ အပြုံလိုက်ချမထားပဲ ဘေးကွဲလှန်တင်ဖြီးထားသည်။ ဆံပင်က စိုစိုတောက်တောက်နှင့် ဖောင်းဖောင်းလေးကြည့်ရသည်ကတစ်မျိုးပင်။ မျက်နှာပြောင်ဖြစ်နေတတ်သော သာကျော်ဖုန်းသည် ခုတော် ဖဲအန်လပ်ဗ်လီး လိမ်းထားသည်ထင်၏။ ခပ်ညိုညိုအသားအရေက အဖြူရောင်သမ်းနေသည်။ သပ်သပ်ယပ်ယပ်ဖြစ်သွားသော သူ့ပုံစံသည်ခါတိုင်းထပ်ကြည့်ပျော်ရှူပျော်ဖြစ်လာသည်။ နှာတံစင်းစင်းသည်ထင်ပေါ်လာပြီး ဆံပင်အရောင်ကြောင့် မျက်ဝန်းသည်ပင် ဝင်းလဲ့လာလေ၏။ သူ့နှုတ်ခမ်းသည် ကျွန်တော့်နှုတ်ခမ်းလို ခပ်ထူထူခပ်ဖူးဖူးမဟုတ်။ ပါးလွှာပြီး အညိုရောင်သန်းလေ၏။
YOU ARE READING
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst