ထို့ကြောင့်...........(episode 13)
=====================ဘိုးဘွားရိပ်သာရံပုံငွေဆိုင်သည် ကမ်းနားလမ်းတစ်နေရာတွင်တည်ရှိသည်။ မြစ်ဘက်ခြမ်းကိုနေရာယူကာဆောက်လုပ်ထားသည့်အတွက် မြစ်ရေစီးသံနှင့်အတူ ဇင်ယော်ငှက်များပျံဝဲနေသည်ကိုလဲမြင်နိုင်၏။ ဟိုးဝေးဝေးမှာ ပင်လယ်ဝကြီးကိုတမျှော်တခေါ်လှမ်းမြင်နိုင်ပြီး တစ်ဖက်ကမ်းရှိ တောင်တန်းများကြား နေလုံးကြီးကွန်းခိုသွားသည်ကိုလည်း ရှူမဆုံးအောင် မြင်နိုင်သေးသည်။
အသာ၏ အဝတ်များကိုဝတ်ကာလိုက်ခဲ့သောကျွန်တော်သည် နေမထိထိုင်မသာရှိလှပါ၏။ ဂင်တိုတိုအရပ်အမောင်းရှိသည့် သူဝတ်သော အဝတ်များသည် ကျွန်တော့်အရပ်အမောင်းနှင့်မလိုက်ဖက်၊ ခါးကအနည်းငယ်တိုနေပြီး ဂျိုင်းအောက်ကကြပ်နေသည်။ သို့သော်လည်း ကိုယ်သင်းနံ့နှစ်ခုရောစပ်မှုကိုတော့ သဘောကျပါသည်။
ဆိုင်အတွင်းသို့ဝင်သည်နှင့် ကောင်တာသို့ဦးစွာသွားကာ စားစရာများကိုမှာရသည်။ ကျွန်တော်မှာစရာမလို အသာက ကျွန်တော်ကြိုက်နှစ်သက်သည်များကိုမှာ၏။
"အာလူးကြော်တစ်ပွဲ၊ မာစတာကပ်နှစ်ခွက်၊ ပြီးတော့ ငါးအူချောင်းတစ်ပွဲပေး"
ပြောစရာမလိုပဲ ကျွန်တော့်အကြိုက်များကို အသာက တစ်ထစ်ချသိနေသည်က ဘာကြောင့်များပါလိမ့်ကွယ်။ ထိုကဲ့သို့ပင် တစ်ခါတစ်လေ အသာက သိပ်အသည်းယားစရာကောင်းလှသည်။
ကျွန်တော်တို့မရောက်မှီကပင် အိသန္တာက ထိုဆိုင်ကိုရောက်နှင့်နေပြီ။ သူ(မ)က မြစ်ပြင်ရော ၊ ကားလမ်းမရော၊ ပင်လယ်ဝရော၊ တစ်ဖက်ရှိ တောင်တန်းများကိုပါမြင်နိုင်သည့် ဆိုင် အပြင်ဘက် ဝရံတာ ဘေးထောင့်ကဝိုင်းတွင်နေရာယူထားပါသည်။ စားပွဲကနံရံနှင့်ကပ်ထားသည်ဖြစ်၍ ဘေးနှစ်ဖက်နှင့် မြစ်ဘက်ခြမ်းသုံးခြမ်းသာလွတ်သည်။ ဘေးနှစ်ဖက်တွင် ခုံတစ်လုံးဆီချထားပြီး မြစ်ဘက်ခြမ်းနေရာက အလျားလိုက်အနေအထားဖြစ်နေ၍ ခုံနှစ်လုံးချထားသည်။ အိသန္တာက ခုံ၏ဟိုဘက်ဘေးတွင်ထိုင်နေပြီး ခုံဒီဘက်ခြမ်းနှင့် မြစ်ဘက်ခြမ်းအပါအဝင် သုံးခုံကလွတ်နေ၏။
ESTÁS LEYENDO
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst