episode 14 unicode

1.2K 104 4
                                    

ထို့​ကြောင်​့........episode (14)
====================

​ဆယ်​စုနှစ်​တစ်​ခုစာမျှကြာပြီ​ဖြစ်​​သော အမ်​ဂျီတူး​ကေ ၏ ​ဘေးစကား သီချင်​းသံသည်​ ကားအတွင်​း ​ဆွေး​မြေ့စွာပျံ့လွင်​့လာသည်​။ အလွမ်​းဓာတ်​ခံရှိ​သော ကျွန်​​တော်​့အဖို့ ထိုသီချင်​းကိုနား​မထောင်​ဖြစ်​ခဲ့သည်​မှာ သိပ်ကို ကြာ​နေ​ပြီ။

ကျွန်​​တော်​တို့နှစ်​​ယောက်​၏အချစ်​သည်​ သင်​းပျံ့ထုံမွှမ်​း​သော ပန်​းမံဥယျာဉ်​အတွင်​း ​လန်​းဆန်​းစွာ​ပေါက်​ဖွားလာချိန်များရှိ​ဖူးခဲ့သလို ခက်​ခဲကြမ်​းတမ်​း​သော ခ​ယောင်​းလမ်​းကို ဖြတ်​သန်​းရချိန်​များလည်​းရှိခဲ့ပါသည်​။

အရှက်​သိက္ခာဆိုတာ အ​ပေါ်ယံအ​ရေပြားတစ်​​ထောက်​စာမျှသတ်​မှတ်​ထားတဲ့ ပတ်​ဝန်​းကျင်​မှာကျွန်​​တော်​တို့​နေထိုင်​​ကြသည်​။
ကိုယ်​့အပြုအမူ​ကြောင်​့ တစ်​ဖက်​သားအရှက်​ရမည်​ကို အားနာရမည့်အစား ဟားတိုက်​ဝိုင်​းရယ်​ကြမဲ့ပတ်​ဝန်​းကျမှာ ​နေထိုင်​ကြသည်​။ ကျွန်​​တော်​တို့​ဘေးပတ်​ပတ်​လည်​မှာ အရှက်​သိက္ခာကိုနားမလည်​ကြတဲ့ လူ့အတ္တ​ဘော​တွေနဲ့ပြည်​့နှက်​​နေသည်​။ အမှားတစ်​ရပ်​ကိုပြုလုပ်​မှ သိက္ခာမရှိသူဟုသတ်​မှတ်​ရမဲ့အစား ကိုယ်​့အမြင်​မျက်​ဖျားတစ်​​ထောက်​စာနှင်​့ အမှန်​တရားကို အမှားဟုသတ်​မှတ်​ချင်​သတ်​မှတ်​တတ်​ကြသည်​။ အမှားဆိုသည်​ကို တစ်​ချို့​တွေကျ အများအ​ပြော​ကြောင်​့ လက်​ခံတတ်​ပြီး တစ်​ချို့ကျ ကိုယ်​့စိတ်​ခံစားချက်​တစ်​ခုထဲနှင်​့ သတ်​မှတ်​တတ်​ကြသည်​။
ဒါ​ပေမဲ့ သူတို့အ​တွေးထဲ ကျွန်​​တော်​တို့ရင်​ထဲက ရိုးသားဖြူစင်​တဲ့ချစ်​ခြင်​း​တွေကို မြင်​​အောင်​မကြည်​့​ပေးခဲ့ကြဘူး။

ခုချိန်​ပြန်​စဉ်​းစားကြည်​့လျှင်​ ပတ်​ဝန်​းကျင်​အပြင်​ ကိုယ်​့ကိုယ်​ကိုလဲ အပြစ်တင်​မိသည်​။ ကျွန်​​တော်​တို့ကိုယ်​တိုင်​က လူအချင်​းချင်​းချစ်​ခင်​မြတ်​နိုးသည်​ကို အမှန်​တရားလို့ ထိုအချိန်​ကဘာ​ကြောင်​့ မမြင်​ခဲ့ရသနည်​း။

ကျွန်​​တော်​့အ​တွေးထဲ သူအမြဲ​နေရာယူ၍ သူ့အ​တွေးထဲ ကျွန်​​တော်​အမြဲရှိ​နေတတ်​​သောအခါ ကျွန်​​တော်​တို့မှာ ဆုံးရှုံးနစ်​နာမှု​လေး​တွေရှိခဲ့ကြသည်​။ ဘဝဆိုတာကလဲခက်​သား။ တစ်​ခုကို အဓိကထားရင်​ ကျန်​တာက သာမညဖြစ်​သွားတတ်​သည်​​လေ။ ထိုကဲ့သို့ပင်​ ကျွန်​​တော်​တို့၏ ရူးရူးနှမ်​းနှမ်​းချစ်​ခင်​စုံမက်​မှုသည်​လည်​း အဓိကနှင်​့သာမညကိုမခွဲခြားတတ်​ခဲ့ပါ။

ထို့​ကြောင့်​...........(based on true story)Onde histórias criam vida. Descubra agora