ထို့ကြောင့်........(episode 12)
--------------------------
ကျော်ကျော်ဦး၏ ဆိုင်ကယ်ပေါ်မှဆင်းဆင်းခြင်း ကျွန်တော် လေးဘက်ထောက်လျက်သားကျသွားသည်။ အားယူကာပြန်ထရင်း ကိုယ်ကိုတည့်မတ်အောင် မနည်းပြန်ရပ်လိုက်ရသည်။ နားရွက်နှစ်ဖက်လုံးပူထူနေပြီး အိမ်ကိုမြင်တွေ့ရသည်မှာကျွန်တော်နှင့်အတော်ကိုလှမ်းနေသည်ဟု ထင်၏။
လှမ်းနေသော ခြေလှမ်းကိုကြည့်ရင်း မြေကြီးက ဟိုးအောက်ထိကိုနက်နေသည်။ ကျွန်တော်က လေပေါ်ပြန်နေသလို။ ဒယိုင်းဒယိုင်ဖြစ်ပင် အိမ်ပေါ်သို့တက်လာခဲ့၏။
"ပြန်လာတာနောက်ကျတယ်နော်.....ထမင်းစားတော့"
မေမေက တီဗီကြည့်ရင်းနှင့်မှ နောက်လှည့်မလာပဲ စကားဆိုသည်က တော်သေး၏။ နို့မို့ဆို ကျွန်တော်မူးလာသည်ကို သိသွားနိုင်သည်လေ။ ဘာမှပြန်မပြောပဲ အပေါ်ထပ်တက်၍ အခန်းထဲဝင်ကာလှဲနေလိုက်သည်။ မျက်လုံးကို သိပ်မဖွင့်ချင် မြင်နေရသော မျက်နှာကျက်သည် အိုးစရည်းထဲထည့်မွှေခံရသလို လည်နေ၏။
အပူပေါ် အပူဆင့်ကာ ရင်တစ်ခုလုံးကလည်း ဆောက်တည်ရာမရ။
"အသာရေ.....ငါအရမ်းခံရခက်နေပြီ....ကြာရင်ငါရူးလိမ့်မယ်ဟာ...."
သူ့နာမည်ကို ခပ်တိုးတိုးရေရွတ်ရင်း ငြီးငြူ၍ လူးလိမ့်နေမိသည်။ မြိုသိပ်ထားရသည်ဆိုသော်ညားလည်း သူ့ဂရုစိုက်မှုတွေမရတော့မှာကိုကြောက်နေမိသည်။ ဂရုစိုက်မှုတွေမရတော့မှာထပ် တစ်ခြားသူအပေါ် ကျွန်တော်နှင့်ထပ်တူဂရုစိုက်မှုတွေ ပေးနေမှာကို ပိုကြောက်ရသည်။
မင်းနည်းနည်းလေးမှမတွေးကြည့်ခဲ့ဘူးလား...။ မင်းနဲ့ပတ်သက်ရင် ဆံချည်တစ်မျှင်လှုပ်ခတ်သွားတာကအစ ခံစားလွယ်တတ်တဲ့ငါ့ရှေ့မှာ မင်းရည်းစားနဲ့တွဲပြတာကို ငါဘယ်လိုနည်းနဲ့ အားတင်းကြည့်ရမှာလည်းဆိုတာ မင်းနည်းနည်းမှ မတွေးကြည့်ခဲ့ဖူးဘူးလား...။
BINABASA MO ANG
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst
