final part 2 end up uni

3.3K 147 23
                                    

နောက်ဆုံးတွေ့ခဲ့သည့်အချိန်က ကျွန်တော် ရဲရဲ ပင် မကြည့်ရက်ခဲ့သော  ညှိုးငယ်စိုးရွံ့ နေခဲ့သည့် အိမ့်မှုးပိုင်သည် ယခုတော့ သူမ၏ နှုတ်ခမ်းပါးပါးကို မာနဖြင့် တင်းတင်းစေ့ထားလေသည်။ အောင်နိုင်သူ တစ်ယောက် ၏ အရိပ်အယောင်ကို သူမမျက်ဝန်းထဲတွင် တစ်စွန်းတစ်စမြင်ရသလိုလိုရှိသည်။

ကျွန်တော် နေရာမှလေးကန်စွာ ထရပ်တော့ သူမ မျက်ဝန်းများက အသာ့ထံရောက်သွားသည်။ ရုတ်တရက် ပျော့ပြောင်းနူးညံ့သွားသော အရိပ်အယောင်ကို ကျွန်တော် မြင်ဖြစ်အောင် မြင်လိုက်ရသေးသည်။ သူမသာ ခေါင်းမငုံ့လိုက်လျှင် နာကျင်မှူနှင့် နောင်တတွေကိုများ မြင်ရဦးမလား…

မိန်းမတွေဟာ လက်စားချေဖို့ ဘယ်လောက်တောင် ကိုယ့်ကိုယ်ကို လောင်မြိုက်ခံနေကြပါသလဲ…

ကျွန်တော်သည် အသာ့ထံ တစ်ချက်လှည့်ကြည့်လိုက်သည်။ အသာသည် ရဲများကိုတစ်လှည့် ကျွန်တော့်ကို တစ်လှည့်ကြည့်ရင်း အနည်းငယ်တုန်ယင်နေလေသည်။

" ဘာကိစ္စရှိကြလို့လဲ...ဟင်...."

အိမ်တွင်းပိုင်းမှ ဒေါ်ဒေါ်က အပေါက်ဝထိထွက်၍ အလန့်တကြားမေးသည်။ သို့ပေမယ့် ဒေါ်ဒေါ်သည်လည်း အခြေအနေကို ရိပ်စားမိဟန်တူသည်။ တုန်ယင်နေသော ကိုယ်က တံခါးဘောင်ကိုမှီထားရလေသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှုဟုထင်ပုံရသည့် လူကြီးတစ်ယောက်က သူ့လက်ထဲရှိဝရမ်းကိုထောင်ပြလာသည်။ ဒေါ်ဒေါ်သည် ဝရမ်းကို သွေးဆုတ်နေသော လက်ဖျားလေးဖြင့် လှမ်းယူသည်။

ဒေါ်ဒေါ်သည် ဝရမ်းစာရွက်ပေါ်မှ ကျွန်တော့်နာမည်ကို တစ်လှည့်… ဖြူဖျော့နေသော အပြင်မှ ကျွန်တော်မျက်နှာကို တစ်လှည့် ကြည့်ရင်း “အင့်” ခနဲ ရှိုက်ငိုလိုက်သည်။

" ပိုင်ရေ...ဘာတွေလဲဟင်..." ငိုကြွေးနေသော ဒေါ်ဒေါ်ကိုကြည့်ရင်း အသာက နားမလည်နိုင်စွာမေးလေသည်။

ဟင့်အင်း…  မသိချင်ယောင်ဆောင်နေတာပါ… ဒါမှမဟုတ် ခုဖြစ်ပျက်နေတဲ့ အရာတွေဟာ သူထင်နေသလို မဟုတ်ပါဘူးလို့  ကျွန်တော့်ကို ငြင်းလိုက်စေချင်တာမျိုး ဖြစ်ရင်ဖြစ်မှာ…

ထို့​ကြောင့်​...........(based on true story)Where stories live. Discover now