အခန်း-၇
--------မှေးခနဲ တစ်ချက်အိပ်ငိုက်သွားသည်ထင်။ ကားပြတင်းမှန်ပေါ်မှတစ်ဆင့် ကျွန်တော့်ခေါင်းက လျောကျသွားမှ လန့်နိုးလာရသည်။ အသာနှင့်သာ အတူရှိနေလျှင် ဒီလိုအဖြစ်မျိုး ဖြစ်နိုင်ချေမရှိ။ ဘာကြောင့်ဆို အသာက ကျွန်တော်အိပ်တိုင်း သူ့လက်မောင်းကို အမှီပြုစေခဲ့သည်လေ။
ခုချိန်အနားမှာသူမရှိတော့ ရောက်တက်ရာရာအိပ်မက်တိုင်းသည် မလှပပဲ သူနှင့်ထပ်တူကျခြင်းသိပ်မရှိ။ အရင်အချိန်တွေကဆို ကျွန်တော်တို့နှစ်ယောက် အိပ်မက်တိုင်းလိုလိုကထပ်တူကြခဲ့ဖူးတယ်။ တစ်ယောက်လက်ကိုတစ်ယောက်ထွေးဆုပ်ရင်း အိပ်ခဲ့ဖူးသည့်ညများက အတိတ်ကာလတွင်အိုဟောင်းခဲ့လေပြီ။
(၂၀.၁၀.၂၀၀၇)
မေမေပြင်ပေးသည့်အိပ်ရာလိပ်နှင့် စာအုပ်များကို မြွေရေခွံအိတ်ထဲထည့်ကာ သာကျော်ဖုန်းအလာကိုစောင့်နေမိသည်။ မနေ့ညထဲက သူက ဆရာမအိမ်ကိုအတူတူသွားမည်ဟု ပြောထားခြင်းကြောင့် စောင့်နေရခြင်းသာ။
ညက အသာ့ကိုအိပ်မက်မက်သည်။ စိတ်စွဲလန်း၍မက်ခြင်းဖြစ်နိုင်သလို သူကျွန်တော့်ကိုသတိရနေ၍လည်းဖြစ်နိုင်သည်။
နောက်ဆုံးတွေ့ခဲ့တဲ့ ရဲတိုက်အိုကြီးထဲမှာပင် အသာ့ကအိမ်ပေါ်ထပ်မှနေ၍ ကျွန်တော့်ကိုတကြော်ကြော်အော်ခေါ်နေရှာသည်။ ရဲတိုက်ကြီးသည် အပြင်ကလိုအိုဟောင်းနွမ်းခြင်းမရှိ။ ခန်းစီးလိုက်ကာအပြည့်ဖြင့် မီးရောင်ထိန်ထိန်ငြီးနေသည်။ လှေကားသည်လဲ ကျိုးပဲ့နေခြင်းမရှိ ထည်ဝါးလွန်းသည်။အသာက အပေါ်ထပ်လှေကားထိပ်မှနေ၍ အောက်ထပ်လှေကားခြေရင်းရှိကျွန်တော့်ကိုမြင်တွေ့သွားသည်ထင် ကျွန်တော့်နာမည်ကို သဲသဲလေးခေါ်ရင်းအောက်ထပ်သို့ပြေးဆင်းလာသည်။ ကျွန်တော်သည် ပြေးဆင်းလာသော အသာ့ကို မှန်းဆမျှော်ကြည့်နေရင်းမှ မျက်စိတစ်မှတ်အကြာတွင် အောက်ထပ်လှေကားရင်း၌ရှိမနေတော့ပဲ အပေါ်ထပ်လှေကားထိပ်မှ ပြေးဆင်းသွားသော အသာ၏နောက်သို့ရောက်ကာသွားသည်။
YOU ARE READING
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst