episode 16 unicode

1.2K 110 0
                                    

ထို့​ကြောင်​့........(episode 16)
--------------------------

ပင်​​လောင်​းအ​ရောက်​တွင်​ ထမင်​းစားရန်​ ကားခနရပ်​သည်။ အလျိုလျို ကား​အောက်သို့​ဆင်​းသည်​့အခါမှ ကား​ပေါ်၌ မိန်​းမအသွင်​ဝတ်​ ​ယောက်​ျားတစ်​ဦးပါလာမှန်​းကျွန်​​တော်​သတိထားမိသည်​။ အသက်​ကသုံးဆယ်​​ကျော်​မျှဖြစ်​ပြီး ရည်​ရည်​မွန်​မွန်​နှင်​့ ​အေး​ဆေးတည်​ငြိမ်​သည်​့ အိ​နြေ္ဒရှိသည်​။ ​ပြေ​ပြေပြစ်​ပြစ်​ မြင်​ရသည်​မှာအဆင်​​ပြေ​သော်​လည်​း အများသူငါက​တော့ လူထူးလူဆန်​းတစ်​​ယောက်​နှယ်​ အကဲခတ်​ကာမျက်​စပြစ်​ကြည်​့ကြသည်​။

ကျွန်​​တော်​တို့လူ့အသိုင်​းအဝိုင်​းတွင်​ ထိုကဲ့သို့​သောအစွဲကြီးကဘယ်​ကာလကတည်​းက လူ​တွေရဲ့အတွင်​းစိတ်​ထဲ ကြီးစိုး​နေမှန်​းကျွန်​​တော်​မ​ပြောပြတတ်​။ ကိုယ်​့အခွင်​့အ​ရေးနှင်​့ကိုယ်​့စိတ်​ကြိုက်​ လုပ်​ပိုင်​ခွင်​့ ကျွန်​​တော်​တို့မှာမရှိ။ ဘယ်​သူ့ကိုမှ ထိခိုက်​ခြင်​းမရှိလည်​း ပတ်​ဝန်​းကျင်​၏ အမြင်​ကိုသတိထား​နေရသည်​က ပုံ​သေကားချပ်​တစ်​ခုလိုပင်​။ ကျွန်​​တော်​တို့မှာ ပတ်​ဝန်​းကျင်​ရဲ့ ငြူစူမှု ဂရုစိုက်​မှု​တွေကို အ​လေးထားရင်​း ကိုယ်​့ကိုယ်​ပင်​ဂရုမစိုက်​နိုင်​တော့။

ထိုအမျိုးသမီးသည်​ ထိုကဲ့သို့ ပတ်​ဝန်​းကျင်​၏ အကဲစမ်​းမှုကို ဘယ်​လိုသ​ဘောဖြင်​့ သည်​းခံစိတ်​ထားနိုင်​လည်​းမ​ပြောပြတတ်​။ သူ့​နေရာတွင်​ ကျွန်​​တော်​ဆိုလျှင်​​တော့ ဘယ်​လိုမှသည်​းခံနိုင်​လိမ်​့မည်​မဟုတ်​။ သို့ရာတွင်​ သူတို့လို မိန်​းမအသွင်​ဝတ်​​တွေက ပတ်​ဝန်​းကျင်​နှင်​့ လိုက်​​လျောညီ​ထွေရန်​ ကျွန်​​တော်​တို့ထပ်​ပင်​ ကိုယ်​့စိတ်​ကိုပိုချိုးနှိမ်​ရ​ပေမည်​။

ပတ်​ဝန်​းကျင်​မှ ထိုးနှက်​လာမှုများကို စိုးရိမ်​​ကြောင်​့ကျရင်​း ​ဝေးကွာခဲ့ရသည်​့ ကိုယ်​့အဖြစ်​ကိုယ်​​တွေးမိကာ ရင်​တွင်​းမချိ​အောင်​ ​အောင်​့သွားရသည်​။ တကယ်​​တော့ ကျွန်​​တော်​တို့မှာ ပတ်​ဝန်းကျင်​နှင်​့ရင်​ဆိုင်​ရန်​ပင်​ သတိ္တမရှိခဲ့။ မြင်​​နေ​၊​တွေ့​နေမှုများကိုသာ သတိထားရင်​း ကိုယ်​့ခံစားချက်​များကိုအ​ဝေးသို့လွှင်​့ပြစ်​ထုတ်​လိုက်​ရသည်​။

ထို့​ကြောင့်​...........(based on true story)Donde viven las historias. Descúbrelo ahora