ထို့ကြောင့်.....sequel (episode 21)
--------------------------------"ငါအစ်ကိုကျော်ကို သွားရှာလိုက်ဦးမယ် သာကျော်...."
ကျွန်တော်က ပြောပြောဆိုဆိုဖြင့် မီးပုံးကိုဆွဲကာ တံခါးဝမွ အောက်သို့ဆင်းလိုက်သည်။
"ငါလည်းလိုက်ခဲ့မယ်....."
အသာကလည်း ကျွန်တော့်အနောက်ပါးမွ လိုက်ဆင်းပြီး လက်ထဲကမီးပုံးကိုလှမ်းယူ၏။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်သား ဈေးဆိုင်တန်းရှိရာဘက်သို့ ထွက်လာခဲ့ကြသည်။
ကျွန်တော့်ရင်ထဲ လွန်ခဲ့သောဆယ်နှစ်အကြာက အချိန်တွေကိုပြန်ရောက်သြားသလို ငယ်မူငယ်သွေးများကြွလာလေသည်။ အလျင်ကလို ငွေလသာသာ ညမှောင်မှောင်အောက်မွာ လက်ချင်းယှက်လျက်လျှောက်ခွင့်မရှိသေးသော်လည်း လူချင်းယှဉ်လျက် လျှောက်ခွင့်ရသည့် ခုလိုအခြေအနေလေးက စိတ်ကိုဖြေသိမ့်မွုပေးနိုင်ပါသည်။ ကျေနပ်သည်ဟုဆိုလျှင်တော့ ကျွန်တော်မုသားဆိုရာက်သြားတော့မည်။ ဒီအခြေအနေလေးဖြင့် ကျွန်တော်မကျေနပ်နိုင် သို့သော်လည်း အသာကို အတင်းအကျပ်တိုက်တွန်းမှုများမလုပ်လိုတော့ပေ။
တင်းကျပ်စွာဆုပ်ကိုင်ထားသည့်အခြေအနေတစ်ရပ်တွင် ဆုပ်ကိုင်ထားသူကလည်းပင်ပန်းသလို ဆုပ်ကိုင်ခံရသူကလည်း မွန်းကျပ်တတ်ကြောင်း ကျွန်တော်ရိပ်မိသိရှိခဲ့ပြီးဖြစ်ပါသည်။
"ကျွတ်......."
အသာသည် စုတ်သပ်များကိုအကြိမ်ကြိမ်စုတ်ကာ မျက်လုံးမှိတ်လျက် ခေါင်းကိုလည်း ဘယ်ညာခါရမ်းနေပေသည်။ သူဘာတွေများစိတ်အနှောင့်အယှက်ဖြစ်နေပြန်ပြီလဲမသိ။
"ဘာတွေဖြစ်ပြန်တာလဲ သာကျော်..."
အသာက ချက်ချင်းစကားမပြန်သေး ဘုန်းကြီးကျောင်းအဝရှိ ရေမြောင်းကိုလွှားခနဲခုန်ကျော်လိုက်သည်။ ပြီးနောက် ကျွန်တော့်ဘက်သို့ပြန်လှည့်ကာ မီးရောင်ပြပေးသည်။
မြောင်းက သိပ်လည်းမကျယ် သစ်သားပြားလေးတစ်ခုထိုးခံထား၍ တစ်ယောက်တစ်လှည့်ဖြတ်ကူးလျှင်ရလျက်သားနဲ့ အသာကဘာကိစ္စခုန်ကူးသွားရသနည်း။ ခြေချော်ကျသွားမှဖြင့်ဟု ကျွန်တော်စိတ်ပူမိသြားသေးသည်။
![](https://img.wattpad.com/cover/172996682-288-k944080.jpg)
STAI LEGGENDO
ထို့ကြောင့်...........(based on true story)
Storie d'amoreလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst