ထို့​ကြောင့်​....(sequel) (episode 2) zawgyi

3.3K 282 9
                                    

ထို့​ကြောင့်​....(sequel)(episode 2)
------------------------------

ကျွတ်​....ကျွတ်​...ကျွတ်

ခေါင်းက နာ​နေ၍ထင်​သည်​။ ​မေ​မေသည်​ ညှင်းညှင်း​လေးညည်းရှာ၏။

"သက်​သာလား ​"

ကျွန်​​တော့်​အ​မေးကို ​မေ​မေက​ခေါင်းညိတ်​၍သာပြန်​​ဖြေ​လေသည်​။ ပြီး​နောက်​မှ...

"အင်း​၊ ခုခွင့်​ဘယ်​နရက်​ရလာလည်း"

"ကျွန်​​တော်​ တပ်​​ပြောင်းကျပြီ၊ ကြားထဲဆယ်​ရက်​​လောက်​​တော့အချိန်​ရတယ်​..."

"​အော်​...."

ကိုယ်​​ရေးကိုယ်​တာ ကိစ္စ​တွေ​မေ​မေ့ကိုမ​ပြောဖြစ်​သာကြာပြီ။ ​မေ​မေက ​မေးလျှင်​​တောင်​ အလုပ်​မအားဘူးဆိုကာ ဖုန်းချရက်​ခဲ့တဲ့ ကျွန်​​တော်​ပါ။

"သာ​ကျော်​ ဒီမှာ​ဆေးရုံတက်​​နေတယ်​..."

ကျွန်​​တော့်​စကား​ကြောင့်​ ​မေ​မေ့ဘက်​ကတိတ်​ဆိတ်​သွားသည်​။

"​မေ​မေသိတယ်​မို့လား...ဟင်​၊ လုပ်​ရက်​လိုက်​တာ​မေ​မေရယ်​၊ အဲ့ဒီ​နေ့က အသာလိုက်​လာတာ ဘာလို့​မေ​မေမ​ပြောခဲ့တာလည်း၊ တကယ်​...​မေ​မေတို့က ကိုယ့်​အတ္တ​တွေကလွဲ ဘယ်​သူ့မျက်​နှာမှမ​ထောက်​ဘူး..."

စို့နင့်​မှု​တွေကို ကျွန်​​တော်​​ဖြေ​လျော့ကာ ငိုပြစ်​လိုက်​​တော့သည်​။ ​မေ​မေ့ကိုလည်း လူမမာလို့မမြင်​​တော့။ ကျွန်​​တော့်​ ခံစားချက်​​တွေကို ဆက်​ပြီးမြိုသိပ်​​နေလျှင်​ ရူးသွားနိုင်​​လောက်​သည်​။

"မင်း...မင်းငါ့ကို အပြစ်​​ပြောဖို့ပြန်​လာတာလား..."

မေ​မေ့၏အသံကလည်း အားမသန်​​ပေမဲ့ အနည်းငယ်​မာဆတ်​​နေသည်​။

"မဟုတ်​ပါဘူး...​မေ​မေရယ်​၊ ဒီတစ်​ခါ​တော့ ကျွန်​​တော့်​လမ်းကိုကျွန်​​တော့်​စိတ်​ကူးနဲ့​ဖောက်​ပါရ​စေ​တော့၊ ကျွန်​​တော်​​တောင်းဆိုတာပါ၊
ကျွန်​​တော့်​ကို မသနားရင်​​တောင်​ အသာကိုသနားပါ၊ သူကိုမာဝင်​​နေတာ သုံးနှစ်​ရှိပြီ"

မေ​မေသည်​ အံ့သြမှုကို အလျင်​မပြ​ချေ။ ဒါဆို ​မေ​မေအားလုံးကိုသိ​နေတာပဲလား။ ဘာ​ကြောင့်​နှုတ်​ဆိတ်​​နေနိုင်​ရက်​တာလဲကွယ်​။

ထို့​ကြောင့်​...........(based on true story)حيث تعيش القصص. اكتشف الآن