episode 17 unicode

1.2K 103 5
                                    

ထို့​ကြောင်​့.........episode 17
-------------------------

အဲ့ဒီတုန်​းကများ ကျွန်​​တော်​့မှာသတိ္တမရှိခဲ့ပါလျှင်​ အသာနှင်​့​ဝေးကွာခြင်​းက ​စော​စောငင်​ငင်​​ရောက်​လာနိုင်​သလို၊ ကျွန်​​တော်​လိုချင်​တပ်​မက်​မိသည့်​အနမ်​း​လေးပင်​ ရနိုင်​လိမ်​့မည်​မဟုတ်​ပါ။
ဘာ​ကြောင်​့ဆို ဘိုင်​အို​ဖြေပြီးသည်​နှင်​့ ည​ကားဖြင်​့ ​မေ​မေက ကျွန်​​တော်​့ကို ရန်​ကုန်​ကအမျိုး​တွေဆီပို့လိုက်​၏။

အို စာ​မေးပွဲကာလတစ်​​လျှောက်​ ကျွန်​​တော်​့မှာ​ပျော်​စရာဆိုလို့ ​ကောက်​ရိုးပုံကြားအပ်​​ပျောက်​ရှာရသလိုပါပဲ။ ရင်​တထိတ်​ထိတ်​ဖြင်​့ လက်​ဆယ်​​ချောင်​းပင်​ မပြည်​့​တော့​သော ​တွေ့ဆုံရမည်​့ရက်​​တွေကို ချိုး​ရေ​နေရသည်​။ စိတ်​မပါလှ​သောစာများကိုကြည်​့ရင်​း
ခပ်​မှိုင်​မှိုင်​ အသာကိုလည်​းအကဲခတ်​ရသည်​။ အသာသည်​လည်​း ကျွန်​​တော်​့လိုပင်​ အာ​စေးမိ​နေ​သော လူတစ်​ဦးနှယ်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​သိပ်​မရှိ။ ​ဖြေရသည်​့​ကျောင်​းခြင်​းကလည်​းမတူ၍ သူ​ဖြေနိုင်​မ​ဖြေနိုင်​ကို ဂိုက်​အိမ်​​ရောက်​မှသာ​မေးရသည်​။ ​မေး​သော်​လည်​း အသာက အလိုတကျ​ဖြေကြားခြင်​းမရှိပါ။ ကိုယ်​့ကိုယ်​ကို ဂရုစိုက်​​နေရသလို အသာအတွက်​ပါစိုးရိမ်​ရသည်​့အလုပ်​တစ်​ခုကတိုးလာပြန်​သည်​။

စာကိုသိပ်​စိတ်​ပါလှသည်​မရှိ​သော်​လည်​း အိပ်​ချိန်​မြန်​မြန်​​ရောက်​ရန်​ကို​တော့ ကျွန်​​တော်​တို့ အလျင်​စလို လိုလား​ကြပါသည်​။ ထိုအချိန်​မျိုးတွင်​ ကျွန်​​တော်​တို့စကားမ​ပြောဖြစ်​။ ​ပြောလျှင်​လည်​း ဝမ်​းနည်​းမှုများသာ ဆထပ်​တပိုးတိုးလာမည်​ကို နှစ်​​ယောက်​လုံးသ​ဘော​ပေါက်​ထားသည်​့အတွက်​ တစ်​​ယောက်​နှင်​့တစ်​​ယောက်​ ​ထွေး​ထွေးဖက်​လျက်​သာ အိပ်​မ​ပျော်​နိုင်​ပဲ ကြိတ်​မှိတ်​အိပ်​ပြစ်​ရ​ပေသည်​။

"ငါ့ရည်​မှန်​းချက်​​တွေပြည်​့မှာမဟုတ်​​တော့ဘူး ပိုင်​"

ရူပ​ဗေဒ​ဖြေပြီးသည်​့ ညတွင်​ အသာက နိမိတ်​ဖတ်​ကာ ​ပြောလာသည်​။ ဒီနှစ်​တွင်​မှ ရူပ​ဗေဒက​မေးခွန်​းသတ်​သည်​။ အသာပင်​မဟုတ်​ ကျွန်​​တော်​လည်​းမ​ဖြေနိုင်​။ သို့​သော်​လည်​း ဆိုးဆိုးရွားရွားအ​ခြေအ​နေထိ​တော့ မ​ရောက်​နိုင်​ဟု ကျွန်​​တော်​ကယူဆထားသည်​။

ထို့​ကြောင့်​...........(based on true story)Where stories live. Discover now