sequel 25 final part 1 unicode

2K 103 15
                                    

ထို့ကြောင့်....sequel final part 1
------------------------------

" သားကြီး ပြန်လာတော့မယ်တဲ့...."

မေမေဆေးရုံမှဆင်းရန် ပစ္စည်းများသိမ်းဆည်းနေရင်း လွှတ်ခနဲပြောလိုက်သော ဒေါ်ဒေါ့်စကားကြောင့် ကျွန်တော် တကယ်ကိုနေမထိထိုင်မသာဖြစ်သွားရသည်။ ကိုယ့်ကိုယ်ကို မဝံ့မရဲနှင့် မလုံမလဲဖြစ်နေသလိုခံစားရသည်။ မိမိအဖြစ်က ငါးရံ့နှစ်ကောင်ဖမ်းနေသလားဟုတွေးထင်ရင်း စိတ်မှာမချင့်မရဲ။ အစ်ကိုကျော်များ ကျွန်တော်နှင့်ပြန်တွေ့လျှင် အလျင်လိုပေါ့ပါးသွက်လက်စွာပျော်နိုင်ပါ့မလားဟု တွေဝေစိတ်လေးများကိန်းခိုလာသည်။

အို...တကယ်ဆို ကျွန်တော့်ဘက်ကဆန္ဒမပါပဲ တစ်ကြိမ်တစ်ခါမျှလေး ကိုယ်လက်နှီးနှောဖြစ်ယုံနှင့် သူ့ကို ဒီလောက်ထိတွေးပေးဖို့မကောင်းဘူးမို့လား။ ကျွန်တော်အသာကိုအားနာရမည်။ သို့သော်လည်း အစ်ကိုကျော်ဟာ ကျွန်တော့်တစ်မျက်နှာတည်းကြည့်ပြီး အရာရာကိုရင်ဆိုင်လာခဲ့သူ။ ဒီလိုလူအတွက်ရော ကျွန်တော့်မှာ အားနာစိတ်လေး တစ်ချိုးတစ်ဖဲ့မျှရှိနေဖို့မသင့်ဘူးလား။ ဘုရားရေ...ဒွိဟစိတ်တွေကြား ကျွန်တော်စဥ်းစားရကြပ်လာသည်။ အစ်ကိုကျော်ဘက်ယိုင်နဲ့နေသော စိတ်နှောင်ကြိုးလေးကို ကြိုးစားရင်းအံတုနေရသည်။ ဟင့်အင်း...မဖြစ်ရဘူး....သာကျော်ဖုန်းဆိုတဲ့လူကလွဲရင် မင်းဘယ်သူ့ကိုမှ စိတ်နဲ့တောင်သာယာပစ်လိုက်လို့မရဘူး ရူပိုင်ဦး။

မွန်းကြပ်စွာပင် ကိုယ့်စိတ်ကိုပြန်ချိုးနှိမ်ပစ်လိုက်ရသည်။

" သားတွေစုံစုံညီညီဖြစ်ပြီဆိုတော့ အစ်မကြီးက ပျော်နေပြီပေါ့..."

မေမေသည် စောင်လေးကို ခေါက်ရင်း ဒေါ်ဒေါ်အားပြုံးတုံ့တုံ့လေးပြုံးကာ ပြောလိုက်တော့ ဒေါ်ဒေါ်သိပ်ကိုကျေနပ်သွားပုံပေါ်သည်။ မေမေ့ပုံစံကြည့်ရတာလည်း အရာရာကိုပြည်ဖုံးကန့်လန့်ကာချလိုက်သလိုပင်။ ဒေါ်ဒေါ်ကိုကြည်ကြည်ဖြူဖြူဆက်ဆံလာသလို ကျွန်တော့်ကိုလည်း လိုလိုလားလားပင်။ အသက်ကြီးလာပြီဆိုတော့ သူ့ဘေးမှာ ကျောထောက်နောက်ခံအဖော်တစ်ယောက်ယောက်ရှိမှအဆင်ပြေမည်ကို မေမေသဘောပေါက်လာပုံရသည်။ ဘယ်လိုပင်ဖြစ်စေ မေမေနှင့်ဒေါ်ဒေါ် တစ်ဦးအပေါ် တစ်ဦး အမှီသဟဲဖြစ်နေသည်က ကျွန်တော်တို့အတွက်လည်း စိတ်ချလက်ချ စီးပွားရေးကိုလုပ်ဆောင်နိုင်လာမည်ထင်သည်။

ထို့​ကြောင့်​...........(based on true story)Where stories live. Discover now