အခန်း-၃
--------ခုချိန်ထိ သတိတရရှိနေသည်က ကျွန်တော်သည် ပိုက်ဆံများကို စည်းကမ်းမဲ့စွာ အလွယ်တကူထားတတ်ြခင်းပင်ဖြစ်သည်။ ဆယ်တန်းနှစ်က ပိုက်ဆံကို ခေါက်အိတ်ထဲတွင်သိမ်းထားတတ်သော်လည်း ကိုယ်နှင့်သိပ်ကပ်လှသည်မရှိ။ တစ်ကိုယ်ရေတစ်ကာယ သုံးရန် ပိုက်ဆံအနည်းငယ်ကိုသာ အိတ်ကပ်ထဲထည့်၍ ခေါက်အိတ်ကိုတော့ လွယ်အိတ်ထဲ၌သာအချိန်မရွေးထားထားတတ်ပါသည်။ ထိုအကျင့်သည် ယခုလက်ရှိ အရာရှိဖြစ်သွားသည်တိုင် မပျောက်မပျက်ပါပဲ အရိပ်တစ်ခုလိုကပ်ပါနေသေးသည်။ ခုထက်ထိလည်း ပိုက်ဆံတွေကပျောက်လို့ကောင်းနေဆဲပင်။
မှတ်မှတ်ရရ ထိုနေ့မနက်က မေမေဝယ်လာသော ဘုရားပန်းများလတ်လှ၍ တစ်စည်းဖယ်ကာ ကျောင်းသို့ယူလာခဲ့သည်။
ထို့နောက်.....
ပင်မဆောင်ဘုရားခန်းရှိ ဘုရားပန်းများကို လဲလှယ်ပြီးသည်နှင့် အခန်းသို့ပြန်ကာ မဲစုငွေများကိုကောက်သည်။ အားလုံးကောက်ပြီးနောက် မနက်ဖြန် အေးအေးအောင် စုငွေထုတ်တော့မည်ဖြစ်၍ ပိုက်ဆံများကိုရေတွက်ရန် လွယ်အိတ်အတွင်းရှိ ယခင်နေ့ကကောက်ထားသည့်ပိုက်ဆံများသိမ်းထားသော ခေါက်အိတ်လေးကိုထုတ်လိုက်သည်။"ဟောတော်"
ကျွန်တော် ထိတ်လန့်စွာရေရွတ်မိသွားသည်။ ခေါက်အိတ်အတွင်း သိမ်းထားသော ပိုက်ဆံတစ်ပြားမှပင်မရှိတော့။ ခေါင်းတစ်ခုလုံး ထုံထိုင်းလေးလံသွားရသလို သေချင်စိတ်ပင်ပေါက်သွားသည်။ ဒီပိုက်ဆံတွေ ပျောက်လို့မဖြစ်ဘူးလေ။ ဒါတွေကမနက်ဖြန် မဲထုတ်ပေးရမည့်ငွေတွေ။ မနေ့ညက ရေကြည့်တုန်းကတောင်ရှိသေးသည်။ ခုမနက်ကျောင်းရောက်မှ ပျောက်သွားခြင်းသာ။
အသိမ်းမှားပြီလားဟု လွယ်အိတ်တစ်ခုလုံး စာအုပ်များထုတ်ကာ လှန်လှဲရှာကြည့်မိသည်။ သို့သော်မတွေ့...။
တစ်သောင်းနှစ်ထောင်ဟူသည့် ပိုက်ဆံကို ကျွန်တော်တစ်ရက်ထဲမည်သို့ပြန်ရှာရမည်နည်း။ မနက်ဖြန်မပေးနိုင်လျှင် နာမည်ကပျက်ဦးမည်။ ကံဆိုးလျှင် ကျောင်းအုပ်ကြီးရုံးခန်းပါရောက်သွားနိုင်သည်။ ပိုက်ဆံပျောက်သည့်ကိစ္စဆရာမတိုင်လျှင်ရော။ ထိုသို့ဆိုပြန်လျှင်လည်း တမင်မဲဖိုးကိုသုံးလိုက်၍အကြောင်းရှာသည်ဟုအထင်ခံရနိုင်သည်။
VOCÊ ESTÁ LENDO
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst