chapter 8

3K 296 6
                                    

အခန်း-၈
--------

ဘယ်​သူနဲ့မှ အတူတွဲအတူလာသည်​ကို စိတ်​မချတတ်​​သောအသာသည်​ ကျွန်​​တော်​က တစ်​ခြားသူတစ်​​ယောက်​ကို စက္ကန့်​ပိုင်းမျှကြာ​အောင် ​ကြည့်​မိသွားလျှင်​ပင်​ မကြိုက်​တတ်​ပါ။ ထိုအခါမျိုးတွင်​ ကျွန်​​တော်​မျက်​စိကျ​နေ​သော သူထပ်​ ပိုသာ​အောင်​ ကျွန်​​တော့်​လိုအင်​ဆန္ဒများကို သူကဖြည့်​ဆည်းပြတတ်​သည်​။

မနက်​အိပ်​ရာနိုးသည်​နှင့်​ ကျွန်​​တော်​တို့ ကိုယ်​စီအိမ်​ပြန်​ကာ ဆယ်​နာရီတွင်​စာပြန်​သင်​ရမည်​ဖြစ်​သည်​။ အသာသည်​လည်း သူ့အိမ်​သို့သူပြန်​ကာ ဆယ်​နာရီထိုးကာနီးကျ ကျွန်​​တော့်​အိမ်​သို့လာပြန်​​ခေါ်သည်​။ ပြီးမှနှစ်​​ယောက်​​ပေါင်း၍ ဆရာမအိမ်​သို့သွားကြသည်​။

ဆရာမအိမ်​သို့​ရောက်​သည့်​အခါ ဖိုးခွား(ေ​နလင်းေ​အာင်)​နှင့်​ ​​နောက်​တစ်​​ယောက်​ကဦးစွာ​ရောက်​ရှိ​နေကြသည်​။ ဖိုးခွားနှင့်​က တစ်​​ကျောင်းထဲဖြစ်​​သော်​လည်း မျက်​မှန်းတန်းမိခြင်းမရှိ၍ ခင်​မင်​ယုံမျှပင်​မခင်​မင်​။ ကျန်​​တစ်​​ယောက်​က မလတ်​​ပြောပြချက်​အရ ​မော်​ကွန်းထိန်းသား ဥာဏ်​ထွန်းမှန်းသိရပြီး ကျွန်​​တော်​တို့နှင့်​​ကျောင်းမတူ။ ဖိုးခွားက မျက်​နှာဝိုင်းဝိုင်း မျက်​လုံးကျယ်​ကျယ်​ဖြင့်​ ရိုးသားပွင့်​လင်းသည့်​မျက်​နှာမူဟန်​ဖြစ်​သည်​။ ဥာဏ်​ထွန်းက မျက်​နှာရှည်​ရှည်​၊ ဆံပင်​ခပ်​​ကောက်​​ကောက်​နှင့်​ မျက်​လုံးမျက်​ခုံး​ကောင်းကာ မျက်​​တောင်​သည်​​ကော့ညွတ်​​နေသည်​ကို ကျွန်​​တော်​သတိထားမိသည်​။ ဖိုးခွားက ကျွန်​​တော်​တို့နှင့်​အတူညအိပ်​စာသင်​မည်​ဖြစ်​ပြီး ဥာဏ်​ထွန်းက ​ကောင်းပိတ်​ရက်​များတွင်​သာ စာလာသင်​မည်​ဖြစ်​သည်​။ ဖိုးခွားပုံသည်​ ပုံမှန်​သာဖြစ်​၍ ဥာဏ်​ထွန်း၏ မူဟန်​က​တော့ ခင်​မင်​လိုဖွယ်​​ကောင်း၏။

စားပွဲဝိုင်းအတွင်း ကျွန်​​တော်​က ဥာဏ်​ထွန်း၏​ဘေးတွင်​ ဝင်​ထိုင်​လိုက်​သည့်​အခါ သာ​ကျော်​ကလဲ ကျွန်​​တော့်​​ဘေးနားဝင်​ကာထိုင်​သည်​။

ထို့​ကြောင့်​...........(based on true story)Donde viven las historias. Descúbrelo ahora