episode 15 unicode

1.3K 114 4
                                    

ထို့​ကြောင်​့.........(episode 15)
---------------------------

နာရီလက်​တံမှ မြည်​သံ တစ်​ချက်​ချက်​ကိုပင်​ အတိုင်​းသားကြားနိုင်​ရ​အောင်​အထိ ဧည်​့ခန်​းက တိတ်​ဆိတ်​​နေ​လေ၏။ ကိုယ်​ကိုကျုံ့ကာ ​ခေါင်​းငိုက်​စိုက်​ထိုင်​ရင်​း ​ရှေ့တည်​့တည်​့ရှိ​မေ​မေကို မျက်​ခုံးပင်​့ကာခနခန ကြည်​့​နေမိသည်​။ ​မေ​မေသည်​ မလှုပ်​မရှက်​ ပကတိငြိမ်​လျက်​သားထိုင်​​နေရင်​းမှ လဲ့​နေ​သောမျက်​ဝန်​းများကို ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ကာ မျက်​ရည်​မကျ​အောင်​ထိန်​းပြီး ငိုင်​​နေရှာသည်​။

​ကျောင်​းမှပြန်​​ရောက်​ပြီး ဧည်​့ခန်​းထဲထိုင်​​နေသည်​မှာ မိနစ်​အ​တော်​မျှပင်​ကြာ​နေ​လေပြီ။ ခုချိန်​ထိ ​မေ​မေသည်​ကျွန်​​တော်​့အားစကားတစ်​ခွန်​းမှမဆို​သေး။ သို့​သော်​လည်​း တစ်​ဖျတ်​ဖျတ်​လှုပ်​ခတ်​​နေ​သော ​မေ​မေ့နှုတ်​ခမ်​းပါးကို ကြည်​့​သောအားဖြင်​့ ​မေ​မေ့ရင်​ထဲက ​ဒေါသအတိမ်​အနက်​ကို ကျွန်​​တော်​ခန်​့မှန်​းနိုင်​သည်​။

​"အစ်​မသားက ​ကျောင်​းသိက္ခာကျ​အောင်​ လူပုံအလယ်​မှာအရှက်​ခွဲခဲ့တယ်​၊ အစ်​မသားနဲ့ သာ​ကျော်​ဖုန်​းဆိုတဲ့​ကောင်​​လေးက ဘယ်​လိုပတ်​သက်​​နေလဲ​တော့မသိဘူး...."

​ကျောင်​းအုပ်​ကြီး​ပြောခဲ့​သောစကားကို ​မေ​မေသည်​ ပြန်​ကြား​ယောင်​ရင်​း တစ်​ဆစ်​ဆစ်​နာကျင်​​နေ​ပေလိမ်​့မည်​။ ဒါမှမဟုတ်​ ကျွန်​​တော်​့ကို ဆူပူရန်​ စကားရှာ​နေ​ပေလိမ်​့မည်​။

"ကိုယ်​့သားကို မထိန်​းနိုင်​လို့ ​ကျောင်​းပို့တဲ့အဖြစ်​မျိုး ကျွန်​​တော်​တို့ကမလိုလားဘူး"

ဒီတစ်​ခု​တော့ ကျွန်​​တော်​ပါခံပြင်​းရသည်​။ ​မေ​မေဆိုစာဖွဲ့၍ရမည်​မဟုတ်​။ ကျွန်​​တော်​သည်​ ထူးချွန်​သည်​့​ကျောင်​းသားထဲမပါ​သော်​လည်​း စာ​တော်​သည်​့ စာရင်​းတွင်​​တော့ပါသည်​။ မိဘမထိန်​းနိုင်​ဟု​ပြောရ​လောက်​​အောင်​လည်​း ကျွန်​​တော်​သည်​ခုချိန်​ထိ ​ကျောင်​းစည်​းကမ်​းကိုတစ်​ကြိမ်​မျှပင်​ မ​ဖောက်​ဖျက်​ခဲ့။

ထို့​ကြောင့်​...........(based on true story)Wo Geschichten leben. Entdecke jetzt