အခန်း-၉
--------သာမန် စုံတွဲများတွင် ချစ်ခြင်းမေတ္တာကို နှုတ်ခမ်းကတစ်ဖွဖွပြော၍ ရည်ညွှန်းတတ်ကြသည်။ သို့တည်းမဟုတ် မြင်သာထင်သာရှိသော ကြင်နာမှုမျိုးဖြင့် ချစ်ခြင်းမေတ္တာကို ကိုယ်ချစ်ရသူမြင်အောင် ပြနိုင်ကြသည်။ သို့သော် ကျွန်တော်တို့နှစ်ယောက်၏ ချစ်ခြင်းတွင်က ထိုကဲ့သို့သော အခွင့်အရေးမျိုးမရရှိ။
လူ့ဘောင်၏ သတ်မှတ်ထားသော စည်းတစ်ခုအတွင်းမှ ကျွန်တော်တို့ တိုးထွက်ရန် မဝံ့ရဲကြ။
တစ်လမ်းလုံး အသာအကြောင်း စဉ်းစားခဲ့လေရာအချိန်မည်သို့ကုန်သွားမှန်းပင်မသိ။ ဒီမော့ဆို မြို့အဝင် ကလေးတွေနေ့လည်ကျောင်းဆင်းသည်ကိုမြင်မှ အသိဝင်တော့၏။ ဒီမော့ဆို ရောက်ပြီဆို လွိုင်ကော်ရောက်ရန်သိပ်မလိုတော့ပေ။
ကျောင်းဆင်းလာသည့် ကလေးတွေကို တစ်စိုက်မက်မက်ကြည့်ရင်း အတွေးလေး ကလယ်ကလယ်ဖြင့် အသာ့ကိုပိုလို့သတိရမိသွားသည်။ ထိုအချိန်ကအပူပင်အရမ်းကင်းခဲ့ကြသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးပျော်နေရသည်ကို ဘဝအရသာလို့ကျွန်တော်တို့သတ်မှတ်ခဲ့ကြ၏။
မှတ်မှတ်ရရ ပထမနှစ်ဝက် စာမေးပွဲအပြီး ကျောင်းများပြန်ဖွင့်ချိန်တွင် အသာကျွန်တော့်ကို ပထမဆုံးအကြိမ် စိတ်ဆိုးခဲ့ဖူး၏။ စိတ်ဆတ်သောအသာသည် အသေးအမွှားကိစ္စလေးကိုပင် ကျွန်တော့်အပေါ် အချိန်အတော်ကြာသည်အထိ စိတ်ကောက်လေသည်။
ထိုနေ့က........
ပုံမှန်အတိုင်း မနက်စောစော ဆရာမအိမ်မှ ပြန်လာကာ အိမ်တွင်ရေမိုးချိုး အဝတ်အစားလဲကာ ကျောင်းသွားဖြစ်သည်။ နေ့လည်ထမင်းစားကျောင်းဆင်းချိန်မျိုးတွင် အသာနှင့်နှစ်ယောက်တည်းရှိနေတတ်သော ကျွန်တော်သည် ကျောင်းပြန်ဖွင့်သည့် ပထမဆုံးရက်တွင် အတူရှိမနေပါ။ ဘာကြောင့်ရယ်ဟု သူ့အကြောင်းတိတိကျကျ စုံစမ်းရန်လဲ ရှက်ရွံ့မိသည်။ မတင်မကျဖြစ်ရင်းသာ ထိုနေ့ကျောင်းတက်ချိန်ကို ကုန်ဆုံးရ၏။
أنت تقرأ
ထို့ကြောင့်...........(based on true story)
عاطفيةလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst