ထို့ကြောင့်...(sequel )(episode 1)
-------------------------------သုံးနှစ်တာမ်ွ ကြဲကြာခဲ့ရသော မွေးရပ်မြေသည် ကျွန်တော့်အတွက်တော့ ယခုမူ သူစိမ်းပြင်ပြင်ဖြစ်ချေပြီ။ ကုန်လွန်ခဲ့ပြီးသော နာကျင်ဖွယ်ရာအမှတ်တရမ်ားကို သင်ပုန်းချေနိုင်ခဲ့ပြီ အောက်မေ့မိသော်လည်း သည်မြေကိုစနင်းလိုက်မိသည်နှင့် ရင်ဘက်ထဲအောင့်သက်သက်ရယ်။
နောက်ဆုံးအကြိမ်ခြေချခဲ့စဉ်ုတုန်းကလို နွေးထွေးပျူငှါစွာ ကြိုဆိုမည့်သူမရှိ။ အို...ပျူပျူငှါငှါဆိုတဲ့စကားကို သုံးဖို့သင့်တော်ပါရဲ့လား။ ဒီမြေကိုထပ်ပြီးခြေမချရဲလောက်အောင် နာကျင်ခြင်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့နှုတ်ဆက်ခဲ့ရသည်ကို ကျွန်တော်ပြန်မှတ်မိဖို့ကောင်းသည်ထင်ပါရဲ့နော်။ ပျူပျူငှါငှါဆိုသည့် ဝေါဟာရအစား ဟန်ရေးလုပ်ကြိုဆိုမည့်သူမရှိဟု သုံးနှုန်းလိုက်ချင်သည်။ သုံးနှစ်တာကာလအတွင်း ယခင်နှင့်မတူ ပြောင်းလဲတိုးတက်နေတဲ့ ဇာတိမြို့ကြီးအတွက် ဂုဏ်ယူဖို့သင့်သလား ဒါမှမဟုတ် နာကျင်မှုတွေကိုသာ အောက်မေ့သတိရစေတဲ့ ဒီမြေကိုနာကျည်းဖို့သင့်သလားကျွန်တော်မသိ။ ဝေခွဲမရသော ဒွိဟများနှင့်အတူ အနောက်မွ တိတ်တိတ်ပုန်းခြောက်လှန့်ကြိုဆိုမည့် အသာလည်းမရှိပါ။
တကယ်ဆို သုံးနှစ်အတွင်း ကျွန်တော်တို့အနည်းအမ်ားတော့ အဆက်အသွယ်လုပ်ဖို့သင့်သည်မဟုတ်လား။ သို့သော် သူ့ဘက်ကရော ကျွန်တော့်ဘက်ကပါအဆက်အသွယ်မလုပ်ဖြစ်ခဲ့ပါ။ အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်ကို တမ်းတမ်းတတ သံယောဇဉ်အမျှင်တန်းနေဖို့ ကျွန်တော့်ဦးနှောက်ကခွင့်မပြုခဲ့ဘူးလေ။
ပြန်မလာတော့ဘူးဟူသည့် ဆုံးဖြတ်ချက်သည် မေမေ ကားအက်ဆီးဒင့်ဖြစ်သည် သတင်းေကြာင့် တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ရပါသည်။
ခွင့်ရက်ရှည်ယူ၍မရသော်လည်း second posting ကျပြီဖြစ်၍
ပြောင်းရွှေ့ရမည့်တပ်ကို မသြားရသေးခင် ဆယ်ရက်မျှအချိန်ရ၍ ဒီမြို့သို့ပြန်လည်ခြေချခြင်းသာဖြစ်လေသည်။အတိတ်နှင့်ယှဉ်လာမည့်အတွေးများကို တမင်မတွေးတောချင်၍ အိမ်သို့အလျင်မသြားပဲ ဆေးရုံသို့သာတန်းလာခဲ့လိုက်သည်။ ပစ္စည်းပစ္စယများကို ပြောင်းမည့်မြို့သို့ ကြိုပို့ပြီးသားဖြစ်နေ၍ တစ်ကိုယ်ရေတစ်ကာယ အသုံးဆောင်သာပါလာသည်ကလည်း တစ်ခုကောင်းပြန်၏။
KAMU SEDANG MEMBACA
ထို့ကြောင့်...........(based on true story)
Romansaလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst