အခန်း-၁
--------(၁၁.၉.၂၀၀၇)
ညဦးသန်းချိန်တွင် ငှက်ဆိုးတွန်သံကို အိမ်မျက်စောင်းထိုးမှနေ၍ ကျွန်တော်ကြားလိုက်ရသည်နှင့် စိတ်ထဲအလိုလိုလေးလံလာမိသည်။ အတိတ်နိမိတ်လေလားမဝေခွဲနိုင်ခဲ့။ထိုနေ့က ကျွန်တော့် အိမ်သို့ ဂိုက်ဆရာမအသစ်လာရောက်သင်ကြားပေးမည်ဖြစ်၍ စိတ်ထဲမွန်းကြပ်သလိုရှိကာ လူတစ်ကိုယ်လုံးထုံထိုင်းသလိုဖြစ်နေသည်။ အရင်က ဝိုင်းကျူရှင်တက်နေရာမှ ဂိုက်ခေါ်သင်ရမည့် ကျွန်တော့်၏ပထမဆုံးအတွေ့အကြုံက နေသာထိုင်သာမရှိလှ။ မေမေ့၏အမိန့်ကိုမလွန်ဆန်နိုင်သော ကျွန်တော်သည် ဧည့်ခန်းရှိ လေးထောင့်စားပွဲလေးရှေ့တွင် ခပ်မှိုင်မှိုင်ထိုင်ရင်း ပြတင်းပေါက်မှတစ်ဆင့် အလင်းပျောက်လုလုကောင်းကင်ကြီးကို ငေးမောနေမိပါ၏။
ဧည့်ခန်းသည် သိပ်မကျယ်လှ။ ဧည့်ခံစားပွဲဝိုင်း၊ကုလားထိုင် တို့နှင့်အတူ ကျွန်တော့်စာကြည့်စားပွဲက ခန်းလုံးပြည့်နေရာယူထား၍ ပြည့်ကြပ်နေပေသည်။ စာကြည့်စားပွဲဘေးတွင် နောက်စားပွဲတစ်လုံးကိုလဲ ထောင့်မှန်ပုံစံခင်းကျင်းထားသေးသည်။ ထိုနေရာက နောက်ကျောင်းသားတစ်ယောက်အတွက်ဖြစ်၏။
သူ့နာမည်က သာကျော်ဖုန်း။
စာသင်ချိန်ပြည့်နေသော ဂိုက်ဆရာမက အချိန်ပြန်ညှိကာ နှစ်ယောက်ပေါင်း သင်ကြားပေးခြင်းဖြစ်သည်။ အဖော်သဘောဟုသတ်မှတ်၍ရသလို ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်နှင့် မိတ်ဆွေဖြစ်ရမည်ဟူ၍လဲ စိတ်ထဲမတင်မကျ။ ကျွန်တော့်လိုအေးအေးဆေးဆေးနေတတ်သူနှင့် သူ့လိုဂျစ်တီးဂျစ်ကန် ခပ်ဆိုးဆိုး သူကဘယ်နည်းနဲ့မှမအပ်စပ်ဘူးမဟုတ်လား။
သာကျော်ဖုန်းကို ကျွန်တော်သိခဲ့သည်က ငါးတန်း ကတည်းကဖြစ်သည်။ ခင်မင်ရင်းနှီးသူများ က နာမည်ေပြာင်ေခါ်ကြသည်က ငသာ။ သိယုံသာသိ၍ ခင်မင်ခြင်းမရှိ။ မျက်မှန်းတန်းမိကာ လူခြင်းသိယုံမျှထပ် ပိုရင်းနှီးခြင်းမရှိခဲ့။ အမည်နှင့်ရုပ်ရည်မလိုက်ဖက်သည့်သူရွေးပါဆို သူ့ကိုပထမဆုံးပြရမည်ဖြစ်သည်။
ဂင်တိုတို သူ့အရပ်အမောင်းက ကျွန်တော့်အတွက် မျက်စိပဒါသမရှိလှ။ အသားကခပ်ညိုညိုရယ် အရပ်နှင့်မလိုက်ဖက်သည့် ဆိုက်ကြီးဂိုက်ကြီး သူ့ဟန်ပန်အမူအရာကအစ ကျွန်တော့်မျက်စိထဲကန့်လန့်ပင်။ လူပုံစံကမော်ကြွားကြွားနှင့် ဖိုက်တာလိုလို နေရာတိုင်းပါတတ်သည့် အနှီလူသားရယ်ပါ။
أنت تقرأ
ထို့ကြောင့်...........(based on true story)
عاطفيةလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst