အခန်း-၆
--------ဖော်ကွာဝေးနေသည့် အထီးကျန်ညများအလီလီကိုဖြတ်ကျော်ပြီးတိုင်း အချိန်အနည်းငယ်မျှတော့ အသာနှင့်ပြန်ဆုံခွင့်ရပါသည်။
ကျွန်တော်ကသာ ထိုကာလများကို သတိတရမှတ်သားထားသော်လည်း မှတ်ဉာဏ်မကောင်းသောအသာသည် မှတ်မိလိမ့်မည်မထင်။ပျင်းပျင်းရိရိရှိလှသောကြောင့် နားကြပ်တပ်ကာ သီချင်းနားထောင်ဖြစ်သည်။ အရင်တုန်းကဆို ခုလိုဖုန်းတစ်လုံးကိုပေါပေါလီလီမဝယ်သုံးနိုင်စဉ်က အမ်ပီသရီး များဖြစ်သာ နားထောင်ခဲ့ကြရသည်။ ဒါသည်လည်း ကျွန်တော်တို့နှစ်ယောက်ကြားက အမှတ်သငေ်္ကတလေးတစ်ခုပင်။
ပလေးနှိပ်လိုက်သည်နှင့် ၆နှစ်ကျော်သည်အထိမရိုးမအီနိုင်သော ပူစူး၏ 'ဝန်ခံလိုက်´ သီချင်းကနားဝင်ချိုစွာပျံ့နှံ့လာသည်။
တစ်ခါတစ်လေကျတော့ ရယ်ချင်စရာအကောင်းသား။ အသာနှင့်ပတ်သက်လျှင် ကျွန်တော်ရူးရူးမိုက်မိုက်အတွေးများကိုလည်း အကောင်အထည်ဖော်ခဲ့ဖူး၏။
-----------------
"သုံးဘာသာတော့ ပြီးပြီနော် နှစ်ဘာသာပဲကျန်တော့တယ် အားထည့်ထား"
ဆရာမက အားပေးစကားပြောလိုက်သည်နှင့် အသာက သူ့ခေါင်းကို သူကုပ်ရင်း ကျွန်တော့်ကိုကြည့်ကာ ပြုံးစိစိလေးပြုံးပြသည်။
"မသိတော့ဘူးဆရာမရေ...နောက်ဘာသာတွေကျွန်တော်မရဘူး"
အသာက ပြောပြောဆိုဆိုဖြင့် နောက်သို့ပြစ်လှဲချကာ ပတ်လက်လှဲနေ၏။
"မနက်ဖြန် ဓာတုလေ ဘာတွေမရတာရှိတာတုန်း ငါတော့အကုန်ပိုင်နေပြီ"
"မင်းပိုင်ပေမဲ့ ငါမပိုင်ဘူးလေဟာ"
"ဒေါ်ယဉ်ထွေးတပည့်မပီသလိုက်တာ"
ဒေါ်ယဉ်ထွေးဆိုသည်က အသာရော ကျွန်တော်ပါ section တက်ကြသည့် ဓာတုဗေဒဆရာမဖြစ်သည်။ ဆရာမသင်သည့် တပည့်အယောက်တစ်ရာရှိလျှင် ကိုးဆယ်ကဂုဏ်ထူးဖြင့်အောင်ကြသည်။ ကျန်ဆယ်ယောက်ကတော့ ခြေချော်လက်ချော် ဂုဏ်ထူးနှင့်ကပ်ပြုတ်သူများသာ။ definition တစ်ပုဒ်ကို စသင်သည်နှင့် အလွတ်ရအောင်၊ မှတ်မိအောင်၊ နားလည်အောင်၊ မမေ့အောင် သင်နိုင်စွမ်းရှိသည်။ ပနှစ်ဝက်ဖြေသည်အထိ ကျွန်တော်သည် ဓာတုဗေဒကို အချိန်ပေးကာ လေ့ကျင့်ရခြင်းမရှိ။
KAMU SEDANG MEMBACA
ထို့ကြောင့်...........(based on true story)
Romansaလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst