ထို့ကြောင့်.....(sequel) episode 20
--------------------------------နောက်တစ်နေ့တွင် အသာက နေအရှင်းမကောင်းသေးသောကြောင့် နွားများကို ခြေလျင် ဦးစွာလွှတ်ရသည်။ နွားများနှင့်အတူ အစ်ကိုကျော်၏သူငယ်ချင်းက လိုက်ပါသွားပြီး ကျွန်တော်တို့က အသာနေပြန်ကောင်းမှ လိုက်ရန် အစ်ကိုကျော်က စီမံ၏။
အသာနှင့်အတူ စွတ်ပိုင်မှာနေသောကာလများသည် ကျွန်တော့်အတွက်စိတ်အကျဉ်းကျပ်ဆုံးကာလများဖြစ်ခဲ့၏။ ကျွန်တော့်အပေါ် စိတ်အလျဉ်းမသင့်သောကြောင့် သူ၏ မမြင်ကွယ်ရာတွင်နေရသည်။ မမြင်ကွယ်ရာမှနေ၍ သူ့ဝေယာဝစ္စများကိုလုပ်ပေးရသည်။ ထွေထွေမူးမူးနှင့် ဘယ်နေရာမှဟုတ်တိပတ်တိမသွားနိုင်သော အသာသည် မာနလေးကျိတ်ခဲထားကာ ကျွန်တော့်ဖေးမမှုကိုမယူ။ အစ်ကိုကျော်၏ ကူညီမှုကိုလည်း မခံပေ။ လှုပ်လိလှုပ်လဲ့နှင့် သူလုပ်ချင်သည်များကို ပေတေပြီးလုပ်လေ့ရှိသည်။ တကယ်တော့ အသာသည် ကျွန်တော့်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာများကိုမေ့နေခြင်းမျိုးသာမဟုတ် အစ်ကိုကျော်နှင့်ပတ်သက်သည့် ညီအစ်ကိုသံယောဇဉ်ကိုပါ မေ့နေခဲ့ခြင်းဖြစ်ပါသည်။
အသာထူထူထောင်ထောင်ဖြစ်သည့်အခါမှ ကျွန်တော်တို့သုံးယောက်ခရီးဆက်ဖြစ်ကြ၏။ နယ်စပ်ရှိ ဟွေပုံလောင်းရွာသို့မရောက်မှီ ဟွေအောနှင့် ဟွေအွန်ရွာပျက်ကိုအလျင်ဖြတ်ရမည်။ နွားနှင့်နွားထိန်းများကို ဟွေအွန်ထိသွားခိုင်းနှင့်ပြီး ကျွန်တော်တို့က ဒီတစ်ညကို ဟွေအောရွာပျက်၌နားမည်ဖြစ်သည်။
မယ်ပိုင်ချောင်းဘေးအတိုင်းသွားရသော မြေသားလမ်းကလေးက ဖိုးဝှီးလ်ကားတစ်စီး သွားသာအောင်ကျယ်ပါသည်။ မြေသားလမ်းဆိုသော်လည်း မြေနီမြေမာမျိုးမဟုတ် သဲမြေများဖြစ်သောကြောင့် မိုးဒဏ်နှင့် ရွံ့နွံတွေဖြစ်သည့်နေရာများလည်းရှိသည်။
VOCÊ ESTÁ LENDO
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst