sequel-episode 12 zawgyi

1.9K 167 13
                                    

ထို့​ကြောင့်​...(sequel) (episode 12)
--------------------------------

နောက်​တစ်​​နေ့မနက်​တွင်​ ကျွန်​​တော်​ဖျားသည်​။ ညကမိုးမိသည့်​အရှိန်​​ကြောင့်​လား၊ စိတ်​ပင်​ပန်း​သော​ကြောင့်​လားမသိ အပူရှိန်​ပြင်းပြင်းဖြင့်​ ဖျား​လေသည်​။ ကျွန်​​တော်​ဖျားသည်​ကို ကျွန်​​တော်​နှင့်​အတူ ဧည့်​ခန်းတွင်​အိပ်​​နေ​သော အစ်​ကို​ကျော်​က ဦးစွာသိ​လေသည်​။

သူကမနက်​ဆို ကျွန်​​တော့်​ထပ်​ဦးစွာနိုးတတ်​၍ ကျွန်​​တော်​အိပ်​​နေသည်​ကိုကြည့်​ရသည်​က အလုပ်​တစ်​ခုလိုဖြစ်​​နေသည့်​သူ။ ဒီ​နေ့မနက်​​တော့ ​နေမထွက်​ခင်​ကပင်​ ကျွန်​​တော်​အဖျားတက်​၍ ညီးညူမှု​တွေ​ကြောင့်​ သူနိုးလာခဲ့သည်​။

အစ်​ကို​ကျော်​ဟာ​လေ...ကျွန်​​တော်​နဲ့ပတ်​သက်​ရင်​ သိပ်​သည်းညည်းခံပြီး ဂရုစိုက်​တတ်​သူတစ်​ဦးပါ။ ခုလည်းကျွန်​​တော့်​ကြောင့်​ နိုးလာသည်​နှင့်​ ပြန်​မအိပ်​​တော့ပဲ ​​ရေ​နွေးဝတ်​အုံ​ပေးကာ ​ဘေးနားအရိပ်​တစ်​ကြည့်​ကြည့်​ထိုင်​​နေသည်​။ သူ့ညီရဲ့ဝဋ်​​တွေကို သူကကူဆပ်​​ပေး​နေသလိုပင်​။

"ကျွတ်​....ကျွတ်​...."

အပူရှိန်​ကျသွား​သော်​လည်း ကျွန်​​တော့်​တစ်​ကိုယ်​လုံးကိုက်​ခဲ​နေ၍ ဆက်​အိပ်​၍မရ​တော့ပါ။ အလျင်​က​လည်း ​လေထန်မိုးထန်​​ကြား သွားလာ​နေကြပါ။ ဒီလိုတစ်​ခါမှမဖြစ်​ဖူး​ပေ။

"သက်​သာလား...ညီ..."

"အင်း...အပူ​တော့ကျပြီထင်​တယ်​..."

"ညီစားဖို့ ကိုယ်​​ခေါက်​ဆွဲနဲ့ကြာဇံပြုတ်​ထားတယ်​၊ စားပြီး​ဆေး​သောက်​လိုက်​​နော်​..."

"အင်း..."

ကျွန်​​တော်​သည်​ လှဲ​နေရာမှထကာ ​ခေါင်းအုန်းကိုနံရံတွင်​ကပ်ပြီးမှီလိုက်​သည်​။

"ခန​နော်​ညီ....​ခေါက်​ဆွဲ​တွေ​အေးသွားမှာဆိုးလို့ ပန်းကန်​ထဲမထည့်​ထားတာ၊ ပြန်​​နွှေးလိုက်​ဦးမယ်​...၊ ခန​လေး​စောင့်​"

အစ်​ကို​ကျော်​သည်​ မီးဖိုထဲသို့ဝင်​သွားကာ ခဏကြာ​တော့ ဗန်းထဲတွင်​ပန်းကန်​လုံး နှစ်​လုံးကိုတင်​၍ပြန်​ထွက်​လာသည်​။ သူဘာ​တွေ အူ​​ကြောင်​​ကြောင်​လုပ်​ထားပြန်​ပြီလဲ။

ထို့​ကြောင့်​...........(based on true story)Where stories live. Discover now