sequel episode 20 uni

626 53 2
                                    

ထို့ကြောင့်.....(sequel) episode 20
--------------------------------

နောက်တစ်နေ့တွင် အသာက နေအရှင်းမကောင်းသေးသောကြောင့် နွားများကို ခြေလျင် ဦးစွာလွှတ်ရသည်။ နွားများနှင့်အတူ အစ်ကိုကျော်၏သူငယ်ချင်းက လိုက်ပါသွားပြီး ကျွန်တော်တို့က အသာနေပြန်ကောင်းမွ လိုက်ရန် အစ်ကိုကျော်က စီမံ၏။

အသာနှင့်အတူ စွတ်ပိုင်မွာနေသောကာလများသည် ကျွန်တော့်အတွက်စိတ်အကျဉ်းကျပ်ဆုံးကာလများဖြစ်ခဲ့၏။ ကျွန်တော့်အပေါ် စိတ်အလျဉ်းမသင့်သောကြောင့် သူ၏ မမြင်ကွယ်ရာတွင်နေရသည်။ မမြင်ကွယ်ရာမွနေ၍ သူ့ဝေယာဝစ္စများကိုလုပ်ပေးရသည်။ ထွေထွေမူးမူးနှင့် ဘယ်နေရာမှဟုတ်တိပတ်တိမသွားနိုင်သော အသာသည် မာနလေးကျိတ်ခဲထားကာ ကျွန်တော့်ဖေးမမှုကိုမယူ။ အစ်ကိုကျော်၏ ကူညီမှုကိုလည်း မခံပေ။ လှုပ်လိလှုပ်လဲ့နှင့် သူလုပ်ချင်သည်မ်ားကို ပေတေပြီးလုပ်လေ့ရှိသည်။ တကယ်တော့ အသာသည် ကျွန်တော့်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာမ်ားကိုမေ့နေခြင်းမျိုးသာမဟုတ် အစ်ကိုကျော်နှင့်ပတ်သက်သည့် ညီအစ်ကိုသံယောဇဉ်ကိုပါ မေ့နေခဲ့ခြင်းဖြစ်ပါသည်။

အသာထူထူထောင်ထောင်ဖြစ်သည့်အခါမွ ကျွန်တော်တို့သုံးယောက်ခရီးဆက်ဖြစ်ကြ၏။ နယ်စပ်ရှိ ဟွေပုံလောင်းရွာသို့မရောက်မွီ ဟွေအောနှင့် ဟွေအွန်ရွာပျက်ကိုအလျင်ဖြတ်ရမည်။ နွားနှင့်နွားထိန်းမ်ားကို ဟွေအွန်ထိသွားခိုင်းနှင့်ပြီး ကျွန်တော်တို့က ဒီတစ်ညကို ဟွေအောရွာပျက်၌နားမည်ဖြစ်သည်။

မယ်ပိုင်ချောင်းဘေးအတိုင်းသြားရသော မြေသားလမ်းကလေးက ဖိုးဝှီးလ်ကားတစ်စီး သြားသာအောင်ကျယ်ပါသည်။ မြေသားလမ်းဆိုသော်လည်း မြေနီမြေမာမျိုးမဟုတ် သဲမြေများဖြစ်သောကြောင့် မိုးဒဏ်နှင့် ရွံ့နွံတွေဖြစ်သည့်နေရာများလည်းရှိသည်။

လမ်းဘေးတွင် အင်ပင်များနှင့် ဝါးပင်မ်ားက ထူထူထပ်ထပ်ကြီးပေါက်ရောက်လျက်ရှိသည်။ အင်ပင်မ်ားကို မြင်တွေ့လိုက်ရသည့်အခါ အင်ဥစားချင်သည့်အာသီသကလေးက စိမ့်တက်လာတော့သည်။ ခုလို မိုးတစ်ပြိုက်နှစ်ပြိုက်ရွာပြီးချိန်တွင် အင်ဥကလေးများ လှိုင်လှိုင်ပေါတတ်သည်။ မြို့ပေါ်တွင် ဈေးကြီးပေးဝယ်စားရသော်လည်း ဒီနယ်မြေမှာတော့ ပေါပေါတန်တန်ပင်ရတတ်သည်။ ခပ်လုံးလုံးအင်ဥကလေးများကို ပါးပါးလှီးပြီး ဆီကျန်ရေကျန်ကလေး ကြော်လိုက်သည့်အခါ ထုပ်ထုပ် ထုပ်ထုပ်နှင့် ဝါးလို့ကောင်းသည့်သူ့အခွံရယ် ကြက်အသည်းလို စိမ့်နေသည့် သူ့အသားအရသာရယ်ကို ကျွန်တော်က မက်မက်စက်စက်ရှိလှ၏။

ထို့​ကြောင့်​...........(based on true story)Hikayelerin yaşadığı yer. Şimdi keşfedin