sequel episode 8 unicode

828 74 3
                                    

ထို့ကြောင့်...(sequel) (episode 8)
-------------------------------

ဒီဝရံတာလေးမှာ ကျွန်တော်နေ့တိုင်းလိုလိုထိုင်ဖြစ်နေသည်။ အထူးသဖြင့် ညဘက်မျိုးတွေမှာပေါ့။ ဘာကြောင့်ထိုင်သည်ဟုပြောရမည်ဆို ရူးနှမ်းနှမ်းစိတ်၏ အလိုအရသာဖြစ်သည်။ ထိုင်ချင်နေသည်ကိုသာသိ၍ ဘာကြောင့်လဲဆိုသည့် အကြောင်းပြချက်ကိုတော့ ကျွန်တော်စဉ်းစားမရပါ။
ပတ်ဝန်းကျင်ကို ကြည့်ရန်ဆိုဖို့ကလည်း ကျွန်တော်တို့အိမ်၏ ဝရံတာသည် ညခင်းဘက် ပတ်ဝန်းကျင်ကို ရှူမျော်ဖို့ကောင်းလိုက်အောင်ထိ မြင်ကွင်းကမလွပပါ။ ရှေ့တည့်တည့်တွင် အခြားတိုက်ခန်းများကပိတ်နေပြီး ဘေးပတ်ပတ်လည်တွင်လည်း ထိုနည်းလည်းကောင်းပင်။ ရှူမျော်၍ ရသည်က တစ်ခုသာ ရှိသည်။ မှောင်မှောင်မည်းမည်း ကောင်းကင်ပြင်က မှိတ်မှိတ်တုတ်တုတ်ကြယ်လေးများသာဖြစ်သည်။

နေစမ်းပါဦး...။ ကြယ်ေတွကိုကြည့်ပြီး ရေတွက်နေဖို့ကလည်း ဘယ်တုန်းကမှကျွန်တော်သည် ထိုကဲ့သို့စိတ်ကူးယဉ်ဆန်တဲ့အလုပ်ကိုလုပ်ဖို့ စိတ်ဝင်တစားမရှိခဲ့။ သစ်ရွက်လှုပ်တာတောင် စိတ်ကူးယဉ်နေတဲ့ ငယ်ငယ်ကတည်းက ထိုအလုပ်ကို စိတ်မဝင်စားခဲ့သူပါ။ ဒါပေမဲ့ ကျွန်တော် ဒီဝရံတာမှာထိုင်ပြီး ကြယ်တွေကိုရေတွက်ဖြစ်နေသည်က တော်တော်ကြာပြီ။ ကြယ်လေးတွေနှင့်စကားပြောဖြစ်ခဲ့သည်ကလည်း ကြာနေပြီ။

ကြယ်လေးတွေရေ...၊ ငါ့ရဲ့အသာဘယ်ရောက်နေလည်းဟင်။
ကျွန်တော်စိတ်မဝင်စားသည့် ဒီလိုအပြုအမူကို
သာကျော်ဖုန်းကတော့ လုပ်တတ်၏။ အို..ကြည့်စမ်း အသာရဲ့အပြုအမူတွေကို လုပ်ဖြစ်နေမှန်း ကျွန်တော် ခုမွသတိထားမိတော့သည်။ ဒီနေရာမှာပင် အသာက ကျွန်တော့်ပေါင်ပေါ်တွင် လှဲအိပ်၍ ကြယ်မ်ားကို ရေတွက်ခဲ့ဖူးသည်မဟုတ်လား။

ကျွန်တော့်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားတာပဲကွယ်။ ကြင်နာယုယတတ်သည့် အလျင်တုန်းကအသာသည် ကျွန်တော့်ဘေးနားတွင် မရှိတော့ပြီကို ယုံကြည်နိုင်ဖို့တော်တော်ခက်ခဲနေသည်။ ကုန်လွန်ခဲ့ပြီးတဲ့ လေးနှစ်တာကာလမွာ ကျွန်တော်သူ့ကိုသတိမရအောင်ဘယ်လိုနေခဲ့မှန်း ခုပြန်စဉ်းစားလို့မရဖြစ်နေသည်။ အမှန်တော့ သူ့ကိုသတိမရချင်ယောင်ဆောင်ခဲ့ခြင်းသာဖြစ်နိုင်သည်။ ခုချိန်ထိ ကျွန်တော့်မသိစိတ်ထဲ သူ့အပြုအမူတွေ၊ သူ့စကားသံတွေ၊ သူ့ကြင်နာမှုတွေက ပျံ့နှံ့နေတုန်းပဲလေ။ အဲ့ဒီတုန်းကလည်း သူ့ကိုသတိမရချင်ယောင်ဆောင်ခဲ့ခြင်းသာဖြစ်မည်။

ထို့​ကြောင့်​...........(based on true story)Donde viven las historias. Descúbrelo ahora