sequel episode 17 uni

539 53 1
                                    

ထို့ကြောင့်.........(sequel) (episode 17)
------------------------------------

အသာသည် ညို့ညို့မှိုင်းမှိုင်းလေး ကျွန်တော့်ကိုခပ်လှမ်းလှမ်းကကြည့်နေ၏။ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော်နှင့် မျက်တွင်းနှစ်ဖက်က ချိုင့်ဝင်၍ ပါးရိုးများပင် ထင်းကနဲပေါ်လွင်နေသည်။ အသာ အရမ်းပိန်သြားတာပဲနော် ...။

တစ်ခုခုကိုထုတ်ပြောဖို့အားယူနေသလို အသာ့နှုတ်ခမ်းဖ်ားက တစ်ဆတ်ဆတ်တုန်ရင်နေသည်။ သူ့မျက်ဝန်းတစ်ခုလုံးကလည်း စိုရွှဲနေ၏။ နာကျင်ဝမ်းနည်းနေသည့်ပုံစံမျိုးပါ....။ သူဘာတွေခံစားနေရပါလိမ့်။

"ပိုင်ရေ...ငါမင်းကိုအရမ်းသတိရတယ်ကြာ...."

အို...အသာက ကျွန်တော့်ကိုသတိရတယ်တဲ့လား။ ဘုရားရေ....ဝမ်းသာလိုက်တာ။

"ငါ....ငါ မင်းဆီလာခဲ့မယ်နော်အသာ...."

အသာက ခပ်လေးလေးခေါင်းကိုညိတ်ပြ၏။ အလျင်စလိုပင် ကျွန်တော်သူရှိရာသို့ ပြေးသွားလိုက်သည်။ ကျွန်တော်ပြေးနေသည်။ အသာနှင့်နီးစပ်ရမည်ဟူသော အသိစိတ်ဖြင့် အားရဝမ်းသာပင်ပြေးနေ၏။ သို့ရာတွင် အတော်ကြာသည်အထိ အသာနားသို့ကျွန်တော်မရောက်နိုင်သေးပါ။ အသာကရပ်မြဲရပ်လျက်သာဖြစ်နေသော်လည်း သူ့ဆီကျွန်တော်မရောက်နိုင်သည်က ဆန်းကြယ်လွပါကလား။ ကျွန်တော် တအားပင်ပြေးလိုက်သော်လည်း အသာကိုမမွီ။ ကြာလာတော့ ကျွန်တော် မောပန်းလာ၏။

"အသာရေ ငါ့ကိုစောင့်ပါဦး၊ ငါလာနေပြီလေ၊ ငါ့ကိုစောင့်ပါဦး"

"ငါရပ်နေပါတယ်ပိုင်၊ မင်းရဲ့အသာက ရပ်နေပါတယ်၊ ငါ့ဆီလာခဲ့နော်၊ ငါ့ကိုကယ်ပါဦးပိုင်ရေ"

ကျွန်တော်အားစိုက်ပြေးလိုက်နေသော်လည်း မမွီတော့ အသာသည် မြင်ကွင်းမွ တဖြည်းဖြည်း မှုံဝါးပျောက်ကွယ်သြားလေသည်။

"အသာ........"

"ပိုင်ရေ ငါ့ကိုကယ်ပါဦး...."

စူးနစ်အက်ကြဲနေသည့် အသာ၏အော်မြည်သံအဆုံးတွင်အရာအားလုံးက ပိန်းပိတ်အောင် မှောင်မိုက်သြားလေသည်။

ဂျိန်း......

"အသာ......"

ကြောက်ခမန်းလိလိမိုးခြိမ်းသံကြီးနှင့်အတူ ကျွန်တော့်၏ခြောက်ကပ်ကပ်အသံသည် ပဲ့တင်၍ထွက်လာပေသည်။

ထို့​ကြောင့်​...........(based on true story)Onde histórias criam vida. Descubra agora