ထို့ကြောင့်............(episode 20)
-----------------------------နူးညံ့သိမ်မွေ့သော အချစ်ဝတ္တုများကို ဖတ်ဖြစ်သည့်အချိန်ဆို ပထမဆုံးကျွန်တော်သတိရမိသည်က အသာဖြစ်လေ၏။ ကျွန်တော်တို့နှစ်ယောက်လုံး စိတ်ကူးယဉ်ဆန်ဆန်ကြည်နူးဆွတ်ပျံ့သော အချိန်များကို ဖြတ်ကျော်ဖူးလေစွဟု တမ်းတရင်း ရင်ထဲခပ်သိမ့်သိမ့်လေးကြည်နူးမိပြန်သည်။ အလွမ်းအဆွေးဝတ္တုတွေဖတ်ပြီးချိန်ဆို ဇာတ်လမ်းထဲက ကွဲကွာခဲ့သော ဇာတ်ကောင်နေရာတွင် ကျွန်တော်တို့မဖြစ်ပါစေနှင့်ဟု မျက်ရည်များပင် စို့တက်လျက် ဝမ်းနည်းမိပြန်ပါသည်။ ဆရာမ ဂျူး၏ 'အမှတ်တရ´ ဆို ကျွန်တော့်၏ အသည်းကို စူးစူးနစ်နစ်ဆိုက်ဝင်နေသည့် အဆိပ်ဆူးလေးတစ်ချောင်းနှင့်ပင် တူနေပြန်သည်။ ထိုဇာတ်လမ်းကို ပြန်သတိရမိတိုင်း တစ်ချိန်ချိန် အသာ လက်ထပ်သွားလျှင်ဟူသော အတွေးကို မတွေးတရဲ ရှိလှသည်။ နောက်ဆုံးကျ ဒါတွေက ဝတ္တုထဲမှာပါဟု ကိုယ့်စိတ်ကို ပြန်နှစ်သိမ့်ရင်း ဖြေလျော့ရသည်က အခါခါ။ ဒါတွေကို အသာ သိနိုင်လိမ့်မည်မထင်။
အဝေးပြေးကားဝင်းသို့ ကားဆိုက်သည်နှင့် ဆင်းလိုက်သည့်အခါ ပူစပ်ပူလောင် လေအငွေ့အသက်ကို ဦးစွာခံစားရသည်။ ပထမဦးစွာသန့်စင်ခန်းသို့ဝင်၍ မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် အသာဆီဖုန်းဆက်ရသည်။
"ရောက်ပြီလား ပိုင်"
"အင်း...ငါညကိုးနာရီကားနဲ့ထွက်လာမယ်၊ နေ့လည်အလုပ်ပြီးတဲ့အချိန်ခနနားချင်လို့"
"မင်းသဘောပဲလေ..."
ကျွန်တော်ပြန်လာမည်ဆိုတိုင်း အမြဲတက်ကြွနေတတ်သော၊ ထွက်လာစဉ်ကပင်တက်တက်ကြွကြွရှိနေသော အသာ၏အသံသည် ခုတော့ ငြိုးငယ်၍သွားသည်ကိုကျွန်တော်သတိထားမိလိုက်သည်။ သူတစ်ခုခုကို တွန့်ဆုတ်သွားခြင်းဖြစ်မှာပါ။ ဘာကြောင့်များပါလိမ့်။
YOU ARE READING
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst